စုန့်ရှီးယွီနှင့်တွေ့ဆုံပြီး နောက်နေ့ညတွင် ကျီဖန်ယင်းသည် မျက်မှန်ကိုတပ်ကာ သူမ၏ငွေရှာမည့်အစီအစဉ်အသေးစိတ်ကို စတင်လုပ်ဆောင်ခဲ့သည်။
စုန့်ရှီးယွီက တစ်နေကုန် ဖုန်းမခေါ်လာပေမယ့် ကျီဖန်ယင်းက သူမ၏ချိတ်ပေါ်က ငါးများ လွတ်သွားမည်ကို သိပ်စိတ်မပူပေ။
သူမသည် စုန့်ရှီးယွီ၏မွေးနေ့ကို ပြက္ခဒိန်တွင် အမှတ်အသားလုပ်လိုက်ပြီး သူ၏ အချက်အလက်အားလုံးကို စိစစ်လိုက်သည်။ တစ်နည်းပြောရရင် သူမသည် ဖောက်သည်အတွက် ပရိုဖိုင်တစ်ခု ဖန်တီးနေခြင်းဖြစ်သည်။
စုန့်ရှီးယွီရဲ့မွေးနေ့က သုံးရက်နေရင် ရောက်တော့မှာဆိုတော့ သူက သဘက်ခါကျမှ ဖုန်းဆက်မှာများလား။
အလုပ်များပြီးသွားပြီးနောက် ကျီဖန်ယင်းသည် သူမ၏ဖုန်းကို တစ်ချက်ကြည့်လိုက်တော့ ဆယ်နာရီထိုးခါနီးနေပြီကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူမသည် blue lightကာမျက်မှန်ကို ချွတ်ကာ ပျင်းရိစွာ အကြောဆန့်လိုက်သည်။ သူမ မက်စ်ကပ်ပြီး အိပ်ရန် ကြံနေချိန်တွင် လက်ပ်တော့မှ ဗီဒီယိုကောတစ်ခုကို လက်ခံရရှိခဲ့သည်။
ကျီရှင်းရှင်း ခေါ်ဆိုလာခြင်းဖြစ်သည်။
စက္ကန့်အနည်းငယ်သာနောက်ကျခဲ့ရင် ကျီဖန်ယင်းသည် လက်တော့ကို ပိတ်ပြီးလောက်ပြီ။
ကျီရှင်းရှင်းသည် သူမ၏မိဘများ၊ သူငယ်ချင်းများနှင့်မတူဘဲ ကျီဖန်ယင်းကို အေးစက်စက် မဆက်ခံခဲ့ပေ။ ဆန့်ကျင်ဘက်အနေနှင့် သူမနှင့်ရင်းနှီးသောဆက်ဆံရေးရှိသည်။
တကယ်တော့ ကျီဖန်ယင်းဟာ ကျီရှင်းရှင်း ပဲရစ်ကိုရောက်ရောက်ချင်း ဖုန်းခေါ်ဆိုခဲ့သော လူနည်းစုထဲက တစ်ယောက်ဖြစ်ပါသည်။
ကျီရှင်းရှင်းသည် သူမ၏ငွေရှာခြင်းအစီအစဉ်အတွက် အရေးပါသည် ဟူသောအချက်ကို ထည့်သွင်းစဉ်းစား၍ သူမထိုင်ခုံသို့ ပြန်သွားပြီး ဗီဒီယိုကောကို လက်ခံခဲ့သည်။
ချိတ်ဆက်သွားသည်နှင့်၊ ကျီရှင်းရှင်း၏ မျက်နှာသည် ဖန်သားပြင်ပေါ်တွင် ထွက်ပေါ်လာသည်။ သူမသည် နွေးထွေးသော နေရောင်အောက်မှ ပြတင်းပေါက်နားတွင် ထိုင်နေသည်။ သူမသည် မီးခိုးရောင် ရှပ်အင်္ကျီကို ဝတ်ထားသော်လည်း ထိုအင်္ကျီသည် သူမအပေါ်၌ တောက်ပနေပုံပေါ်သည်။
YOU ARE READING
တစ်နာရီတစ်သိန်း အစားထိုးချစ်သူ
General FictionTitle - 100000/ Hour Professional Stand-in {职业替身,时薪十万} Author - 渊爻 THIS IS NOT MY WORK JUST TRANSLATION CREDIT TO ALL AUTHOR AND TRANSLATOR(s)