Chapter 174
ကျန်းရို့က သက်ပြင်းချရင်း "ဒီနှစ်တွေမှာ သားက ပိုက်ဆံအများကြီးရှာခဲ့ပြီးပြီလေ တကယ်တော့ အမေတို့ရဲ့ကျန်တဲ့ဘ၀တစ်လျှောက်လုံး ပိုက်ဆံအတွက် စိတ်ပူနေစရာမလိုပါဘူး အဆုံးမှာတော့ သားကိုသာ အမေတို့ဆွဲမချရင် သားဘ၀က ပိုတိုးတက်နိုင်တယ် သားသဘောမကျတဲ့အရာတွေကို လုပ်စရာမလိုပါဘူး"
လော့ချယ် သူ့လက်ကို သူ့အမေ၏အားနည်းထိခိုက်လွယ်သော ပခုံးပေါ်တင်လိုက်ပြီး နူးညံ့စွာဖြင့်" မေမေ၊ ကျွန်တော် သရုပ်ဆောင်ရတာကို အရမ်းသဘောကျတယ် ဒီနှစ်တွေမှာ ကျွန်တော်သဘောမကျတဲ့ ဘာတစ်ခုကိုမှ မလုပ်ရသေးပါဘူး"
ကျန်းရို့သည် ဖျော်ဖြေရေးနယ်ပယ်ရှိ အချို့သောအကြောင်းအရာများကို သိသည်။ ထို့ကြောင့် လော့ချယ် ထိုသို့ပြောသည့်အခါ အဓိပ္ပါယ်ကို သူမနားလည်သွားသည်။
သူမ၏သားဖြစ်သူက သရုပ်ဆောင်ရသည်ကို ဝါသနာပါသော်လည်း ဖျော်ဖြေရေးနယ်ပယ်၏ ပတ်ဝန်းကျင်ကို သဘောမကျပါချေ။ နယ်ပယ်ထဲတွင် ပရမ်းပတာကိစ္စများ များပြားလွန်းသည်။ ထိုအချိန်တုန်းက သူ့ညီအစ်လိုခင်ရသူက နောက်ကျောကို ဓားနှင့်ထိုးနိုင်လုနီးပါးပင် ဖြစ်ခဲ့သေးသည်မလား။
ကျန်းရို့ သူမ၏မျက်၀န်းများကို သုတ်လိုက်ပြီး ၎င်းတို့အတွင်းမှ နာကျင်မှုကို ဖိနှိပ်လိုက်သည်။ သူမသည် အရွယ်ရောက်နေပြီဖြစ်သည့် သားဖြစ်သူကို ကြည့်လိုက်ပြီး "သားက ကြီးလာပြီမို့ အရာရာတိုင်းကို ကောင်းကောင်းလုပ်နိုင်တယ်ဆိုတာ အမေသိပါတယ် သားရဲ့ဆုံးဖြတ်ချက်ကို အမေဝင်စွက်ဖက်မှာ မဟုတ်ဘူး တစ်နေ့ သားစိတ်မဆုံးဖြတ်နိုင်တဲ့အရာရှိရင် အမေ ဒီမှာ အချိန်မရွေးရှိတယ်နော် အမေက စာအုပ်တွေ အများကြီးမဖတ်ဖူးလို့ အများကြီးမသိပေမယ့် အမေစားထားတဲ့ဆား(အတွေ့အကြုံ)က မင်းထက်စာရင် ပိုများတာမို့ တစ်ချို့အရာတွေကိုတော့ အမေက အကြံဉာဏ်ပေးနိုင်ပါသေးတယ်"
လော့ချယ် မျက်လွှာချလိုက်ပြီး "မေမေ၊ အခု မေမေ့ကို ကျွန်တော်ပြောစရာရှိတယ်..."
ကျန်းရို့က "ဘာကိစ္စရှိလို့လဲ အမေ့ကိုပြော"
လော့ချယ်သည် နှစ်စက္ကန့်ကြာမျှ တုံ့ဆိုင်းသွားပြီး သူမေးချင်သည့်အရာကို သူ့ဗိုက်ထဲ ပြန်မျိုချလိုက်မိ၏။
YOU ARE READING
ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်
RandomStatus in COO : 253 chapters (complete)