Chapter 150

1.3K 132 2
                                    

Unicode

သို့သော်ငြား လော့ချယ်ပေါ်လာပြီးနောက်တွင်တော့ သနားစရာကောင်းသည်က တိုက်ရိုက်မိသားစု၀င်မဟုတ်သည့် မြေးဖြစ်သူချန်းကျစ်က ဘေးဖယ်ထားခံခဲ့ရ၏။
Mr. ချန်းသည် ယခုအချိန်အထိ သူပိုင်ဆိုင်ထားသမျှ အရာအားလုံးကို နောက်ဆုံးတွင် သူ့မြေးအရင်းဖြစ်သူထံ ချန်ထားခဲ့လေသည်။

ထိုအချိန်ရောက်လျှင် ချန်းကျစ်နှင့် လော့ချယ်တို့ မည်ကဲ့သို့တုံ့ပြန်ကြမည်ကို ကုမျန်မသိပါချေ။

သို့သော်လည်း ချန်းကျစ်အတွက်တော့ သူမ အနည်းငယ်စိတ်မကောင်းဖြစ်မိသည် ။
ချန်းကျစ်၏ကိုယ်ပိုင်လုပ်ငန်းသည် ကြီးပွားတိုးတက်နေ၏။ သူသည် ငွေကြေးပြတ်လပ်ခြင်းမရှိဘဲ ချန်းမိသားစု၏ပိုင်ဆိုင်မှုများကိုလည်း ဂရုမစိုက်ပေ။သို့သော် လော့ချယ်ပြန်လာသည်နှင့်တပြိုင်နက် သူ၏အဆင့်အတန်းသည် ကျိန်းသေပေါက် ကျဆင်းသွားမည်ဖြစ်သည်။

လူများသည် သူတပါးအဆင်မပြေသည်ကို မစ္ဆာရိယစိတ်ဖြင့် နှစ်ထောင်းအားရဖြစ်လေ့ရှိသည့် ဖြစ်တည်မှုများပင်။

ယခင်တုန်းကတော့ လူတွေက ချန်းကျစ်ကို မြှောက်ပင့်ဖားယားလေ့ရှိကြပြီး လော့ချယ်ပြန်လာသည့်အခါတွင်တော့ ထိုလူတွေက တကယ့်သခင်လေးအစစ် လော့ချယ်ကို ပို၍မြှောက်ပင့်ဖားယားကြလိမ့်မည်ဖြစ်သည်။

ဆိုရိုးစကားများအတိုင်း ခြွေတာရခြင်းမှ ဇိမ်ခံခြင်းသို့ ပြောင်းလဲရန် လွယ်ကူပြီး ဇိမ်ခံခြင်းမှ ခြွေတာရခြင်းသို့ ပြောင်းလဲရန်က ခက်ခဲလှ၏။ တစ်ချိန်က ချန်းကျစ်သည် လူတိုင်း၏ဗဟိုနေရာမှလူဖြစ်ပြီး ချမ်းသာသော ဒုတိယမျိုးဆက်၏ သြဇာအာဏာကြီးမားသည့်သူ ဖြစ်ခဲ့သော်လည်း လော့ချယ် ချန်းမိသားစုသို့ ပြန်လည်ရောက်ရှိလာပြီးနောက် ဤအရာများသည် သဘာဝကျကျပင် သူ(လော့ချယ်)ပိုင်ဆိုင်သည့်အရာများ ဖြစ်သွားလိမ့်မည်ပင်။

ချန်းကျစ်အတွက် အနည်းငယ်ကွာခြားသွားမှုကို မခံစားရပါဟုဆိုရန်က မဖြစ်နိုင်ပေ။

လော့ချယ် ချန်းမိသားစုထံ ပြန်သွားပြီးနောက် ချန်းမိသားစု မည်မျှဖရိုဖရဲဖြစ်သွားလိမ့်မည်ကို ကုမျန် ခန့်မှန်းမိပြီးသားဖြစ်သည်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now