Chapter 124

1.2K 153 0
                                    

Unicode

ကြည့်ရတာတော့ လော့ချယ်က ကုမျန်ကိုအကသင်ပေးမယ်ဆိုတာ ဒီတိုင်းပြောလိုက်တာမဟုတ်ဘူးပဲ။

ကုမျန် သူမဘယ်လောက်ထိ အနုပညာလောကထဲ ကျင်လည်ရအုံးမလဲမသိဘူး။ ဒီတော့ အနုပညာရှင်တစ်ယောက်အတွက် မရှိမဖြစ်လိုအပ်တဲ့ သီချင်းဆိုတာ ၊ ကတာမျိုးကို သင်ထားရရင် သူမအတွက် အရှုံးမရှိပါဘူး။ ဥပမာပြရရင် varietyရှိုးဖြစ်ဖြစ် realityရှိုးဖြစ်ဖြစ် သူမသာ ခြေတစ်လှမ်းသာချင်ရင် ဖျော်ဖြေပြလို့ရတယ်လေ။ စကားမစပ် အဲ့ဒါကလည်း သူမကို ကျော်ကြားစေနိုင်သေးတယ်။

သာမန်သာဆို ကုမျန်က ရှေ့ခြေတစ်လှမ်းသာတာတို့ လူရှေ့ထွက်ရတာမျိုးတို့ဆို စိတ်မဝင်စားဘူး။ သူမကိုယ်တိုင်ကိုက နာမည်ကြီးတာကိုမကြိုက်ဘဲ အဲ့ဒါက သူမနေ့စဉ်ဘဝကိုပါ သက်ရောက်လာနိုင်လို့ပဲ။

သူမကတော့ နာမည်မြန်မြန်ကျသွားစေချင်တယ်။ ဒါဆို သူမ အဲ့ဒီကိစ္စကိုပြောစရာမလိုတော့ဘူး။

ကုမျန်က လော့ချယ် ဘယ်လောက် ကောင်းကောင်းကနိုင်လဲဆိုတာ သိချင်ရုံလေးပါ။

"I'm so popular" ထဲမှာတောင် လော့ချယ်ကတတ်တာကို ပြောမထားခဲ့ဘူး။

ကုမျန် မနေ့ညက လော့ချယ်ရဲ့ rapရွတ်တဲ့ videoကိုရှာရင်းနဲ့ လော့ချယ်ကတာကိုပါ ရှာလိုက်သေးတယ်။

အဲ့ဒီမှာ rapရွတ်တဲ့ videoနှစ်ပုဒ် သုံးပုဒ်လောက်ရှိပေမယ့် သူ ကထားတဲ့ဟာတော့ တစ်ခုမှမရှိဘူး။

လော့ချယ်က လူရှေ့မှာ ကလေ့မရှိဘူးထင်တယ်။

ဒီတော့ သူ သူမကို အကသင်ပေးမယ်လို့ ပြောလာတော့ သူမ သိချင်စိတ်ဖြစ်မိတယ်။

သူမတို့အကခန်းမကိုရောက်တော့ ကုမျန် အကခန်းမက သိပ်မကျယ်တာကို သတိထားလိုက်မိတယ်။ ဒါပေမယ့် အဲ့ဒါက လူနှစ်ယောက်ကဖို့တော့ လုံလောက်တာထက် ပိုနေပါပြီ။

တစ်ချက်လောက် အကြမ်ဖျင်းလှမ်းကြည့်လိုက်ပြီးတော့ သူမက ထောင့်တနေရာမှာ koi အရုပ်တွေအများကြီး မြင်လိုက်မိတယ်။

အရုပ်က အရမ်းကိုအစစ်နဲ့တူလွန်းတယ်။ သူမက အင်တာနက်မှာတွေ့ရတဲ့ လူတွေအကြောင်း တွေးလိုက်မိတယ်။ သူတို့က koiပုံတွေကို ကံကောင်းစေအောင် shareကြတယ်လေ။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now