Chapter 149

1.1K 148 0
                                    

Unicode

ချန်းကျစ်သည် ထိုစကားကိုကြားပြီးနောက် စကားနောက်ကွယ်ရှိ အဓိပ္ပါယ်ကိုသိသွားသည့်အခါ၊ သူ့မျက်၀န်းများကို မှေးကျဉ်းလိုက်ပြီး "ကျွန်တော် အတင်းအကြပ်လုပ်ရင် ဘာဖြစ်မှာလဲ"

ဆရာသခင်က ခေါင်းခါယမ်းလိုက်ပြီး မစည်းရုံးပဲ မနေနိုင်ခဲ့ပေ။“စတုတ္ထသခင်လေး မင်းရဲ့ အဆင့်အတန်းနဲ့ ဘာလို့ သွားနှောင့်ယှက်ဦးမှာလဲ”

ချန်းကျစ်က ပြုံးပြီး စကားပြန်မပြောချေ။

ဒီကမ္ဘာမှာ သူနဲ့ဆုံတွေ့ခဲ့တဲ့ ကုမျန်လိုလူ ဘယ်နှစ်ယောက် ရှိနိုင်ပါ့မလဲ။
ပြီးတော့ သူမလိုချင်တာမှန်သမျှ သူပေးနိုင်သည်။

အရင်းအမြစ်များ၊ အေးဂျင့်များ သူမကို ဘာမဆို ရွေးချယ်ခွင့်ပေးမည်။ သူမက သရုပ်ဆောင်ဖြစ်ချင်လျှင် သရုပ်ဆောင်ဖြစ်လိမ့်မည်။ သူမက အဆိုတော် ဖြစ်ချင်လျှင် အဆိုတော်ဖြစ်လိမ့်မည်ပင်။ သူမ ဘက်ပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်လာအောင် သူလုပ်ပေးနိုင်ပါ၏။ မည်သို့ပင်ဖြစ်စေ သူက ပိုက်ဆံရှိသည်လေ။

သနားစရာကောင်းသည်က သူမမှာ အဲ့ဒါတွေအကုန်လုံးရှိပြီး စိတ်ပူစရာမလိုအပ်ပါချေ။
ချန်းကျစ်၏အမူအရာကိုမြင်တော့ ဆရာသခင်က သူ့အတွေးများကို ခန့်မှန်းမိသည်။ သို့သော် သူသည် ဖျောင်းဖျရန် မပြင်ဆင်တော့ပေ။

လူတိုင်းတွင် ကံကြမ္မာကိုယ်စီရှိကြပြီး ချန်းကျစ်၌ ကောင်းမွန်သည့်ကံကြမ္မာရှိ၏။ သူ့ဘဝက ချောမွေ့လွန်းပြီး မည်သည့်ဆုတ်ယုတ်မှုမှ မကြုံတွေ့ခဲ့ရသော်လည်း ကုမျန်သည်တော့ သူ့ဘဝ၏ ကျော်လွှားရမည့် ဘေးဒုက္ခတစ်ခုပင်။

ဤအခက်အခဲကိုဖြတ်ကျော်ပြီးနောက်တွင် ချန်းကျစ်၏အနာဂတ်လမ်းသည် ပို၍တောက်ပပြီး ချောမွေ့သွားလိမ့်မည်ဖြစ်သည်။

မဖြတ်ကျော်နိုင်ခဲ့လျှင်တော့ ...... ဤသို့သောဖြစ်နိုင်ချေမျိုး မရှိသင့်ပါချေ။

ချန်းကျစ်၏လိမ္မာပါးနပ်မှုဖြင့် အကြိမ်အနည်းငယ် လဲကျပြီးနောက် သူသည် သဘာဝကျကျပင် နားလည်သွားလိမ့်မည်ဖြစ်သည်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now