Chapter 161

1.1K 141 3
                                    


သီချင်းသံက သူမနားထဲတွင် ဆက်တိုက် ပေါက်ကွဲနေ၏။

ရောင်စုံအလင်းရောင်များက အကကြမ်းပြင်ပေါ်ရှိ အရူးအမူးကခုန်နေသော လူအုပ်ကို ဖြတ်ကျော်သွားသည်။

ကုမျန်သည် အကကြမ်းပြင်၏အလယ်ဗဟိုဆီသို့ လော့ချယ် လမ်းတလျှောက် ဆွဲခေါ်သွားတာကို ခံလိုက်ရသည်။

ဤတီဗီစီးရီးမရိုက်ခင် လော့ချယ်က သူမကို သူမပုံစံအစစ်အတိုင်း သရုပ်ဆောင်သည်က ကောင်းလိမ့်မည်ဟု ပြောခဲ့သည်။ ကုမျန်သည် နင်ရို့အဖြစ် သရုပ်ဆောင်ရာတွင် အလေးအနက်ထားသည့်အပြင် အနည်းငယ် ပို၍ပေါ့ပေါ့ပါးပါးလည်း ပြုမူခဲ့သည်။
နိုက်ကလပ်၏ မရေရာသော မီးရောင်အောက်တွင် လော့ချယ်၏ မျက်၀န်းများသည် ပို၍နက်ရှိုင်းပြီး ဆွဲဆောင်မှု ရှိလာသည်။၎င်းတို့သည် ကြယ်ရောင်စုံသည့်ကောင်းကင်ကဲ့သို့ တောက်ပနေခဲ့သည်။

ကုမျန်မတုံ့ပြန်နိုင်ခင် လော့ချယ်၏ခန္ဓာကိုယ်က သူမနား ကပ်လာတော့သည်။

ခပ်ဟော့ဟော့အကသည် သူမတို့ ပထမအကြိမ်ကခဲ့သော အနှေးသုံးဆင့် ဆိုရှယ်အကနှင့် ကွဲပြားသည်။

စုံတွဲအကသည် နှေးကွေး၍ ပြေပြစ်ပြီး အကခန်းထဲ၌ နှစ်ယောက်တည်းသာ ရှိ၏။

ပွတ်ကာသီကာနိုင်သောအကသည် ပူလောင်၍ s*xyကျပြီး ပတ်ပတ်လည်တွင်လည်း လူများစွာရှိသည်။

ကုမျန် လော့ချယ်၏ကိုယ်အပူချိန်ကို ခံစားလိုက်ရပြီး သူမ၏မျက်နှာက အနည်းငယ်ပူလာသည်။

ကုမျန်သည် လော့ချယ်ဤကဲ့သို့ ကသည်ကို ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်းပင်။

အကယ်စင်စစ် လူတစ်ယောက်သည် မည်သည့်အရည်အချင်းမှ မလိုပါချေ၊ သူတို့၏နှလုံးသားနောက် လိုက်ရန်သာ လိုအပ်သည်။

လော့ချယ်၏အလိုဆန္ဒအတိုင်း လှုပ်ရှားနေသော လှုပ်ယမ်းမှုအနည်းငယ်သည် လူများကို ရူးသွပ်သွားစေရန် လုံလောက်ကြောင်း အချက်အလက်များက သက်သေပြနေသည်။

ထိုအချိန် လော့ချယ် သူမကို ပြုံးပြလာပြီး သူ့အနက်ရောင်လက်တိုအင်္ကျီကို ဆွဲတင်လိုက်ကာ သေးသွယ်သောခါးနှင့် ဝမ်းဗိုက်အောက်ပိုင်းရှိ ရှင်းလင်းပြတ်သားသော six-pack absကို ပေါ်လွင်စေလိုက်သည်။
ဝမ်းဗိုက်ကြွက်သားများကို ဖော်ထုတ်ရန် အဝတ်ကို ဆွဲတင်သည့် လုပ်ဆောင်ချက်သည် အနည်းငယ်ရိုင်းသော်လည်း လော့ချယ်လုပ်သည့်အခါတွင်တော့ ညစ်ညမ်းသည့်ပုံမပေါ်ဘဲ အထူးသဖြင့် s*xy သာကျသည်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now