Chapter 67

2K 207 3
                                    

Unicode

လော့ကျစ်ယွီက ပခုံးတွန့်လိုက်ပြီး "ကောင်းပြီ ငါသွားမယ် ရှောင်လီ လာ၊ ကားပေါ်က ဆင်းရအောင်"

လော့ကျစ်ယွီက သူထွက်သွားတော့ ယာဉ်မောင်းကိုပါ သူနဲ့တူတူ ကားထဲမှ ခေါ်ထုတ်သွားဖို့ မမေ့ခဲ့ဘူး။

ကားထဲမှာ ကုမျန်နဲ့လော့ချယ်ပဲ ကျန်ခဲ့တော့တယ်။

တစ်ခါတစ်လေဆို သူ့ဝမ်းကွဲကို ဘယ်လိုအကဲဖြတ်ရမယ်ဆိုတာ လော့ချယ်မသိဘူး။

လော့ကျစ်ယွီက သူအလုပ်လုပ်နေတဲ့အချိန်ဆို 100% အာရုံစိုက်တယ်။ ဘာတွေဖြစ်နေနေ၊ အရေးပေါ်အခြေအနေဖြစ်ရင်တောင် လော့ကျစ်ယွီက ကိုင်တွယ်ဖြေရှင်းနိုင်တယ်။

ဘယ်သူကမှ ပါဖက်ဖြစ်(ပြီးပြည့်စုံ)တာမဟုတ်ဘူးဆိုတာ ဖြစ်‌နိုင်လောက်တယ်။ လော့ကျစ်ယွီက အလုပ်မှာ အရမ်းစွမ်းဆောင်နိုင်တဲ့သူဖြစ်ပေမယ့် ပြင်းထန်တဲ့ အားနည်းချက်တစ်ခုရှိတယ်။ အဲ့ဒါက သူက မိန်းမတွေလိုမျိုး အတင်းအဖျင်းပြောရတာကို နှစ်သက်တာပဲ။

သူက အခြားသူတွေရဲ့အတင်းအဖျင်းကို အမှန်တကယ်တော့ သိပ်စိတ်၀င်စားခြင်းမရှိပေ။ သူအလေးပေးဆုံး(စိတ်အ၀င်စားဆုံး) အတင်းအဖျင်းကတော့ လော့ချယ်ပင်။

သူတို့နှစ်ဦးက ဝမ်းကွဲတွေဖြစ်ပြီး အတူတူကြီးပြင်းလာကာ တစ်ယောက်ကိုတစ်ယောက် ကောင်းကောင်းသိကြတာကြောင့် လော့ချယ်ရဲ့အတင်းအဖျင်းကို ပြောရတာက ပိုစိတ်လှုပ်ရှားစရာကောင်းတယ်လို့ သူထင်တယ်လေ။

လော့ချယ်က သက်ပြင်းချလိုက်တယ်။ သူနဲ့ ကုမျန်တွဲပြီးကတည်းက လော့ကျစ်ယွီ သူ့ကို အကြိမ်ကြိမ် ရယ်မောလှောင်ပြောင်ခဲ့တယ်။(ဒီမှာ သူပြောချင်တဲ့လှောင်ပြောင်တာက မကောင်းတာမျိုးမဟုတ်ပဲ ဒီတိုင်း‌နောက်ပြောင်တာလောက်ပဲပေါ့နော်)

လော့ကျစ်ယွီကို ကားထဲမှ မောင်းထုတ်ပြီးနောက် လော့ချယ်က ကုမျန်ကို ဘေးငဲ့ကြည့်လိုက်ကာ "တစ်ခုခုဖြစ်လို့လား?"

အားလုံးအဆင်ပြေရင် ကုမျန်က သူမရဲ့ကားပေါ်ကနေ ဒီလိုမျိုး အလျင်စလိုထွက်လာပြီး သူ့ကားဆီကို လာမှာမဟုတ်ဘူးလေ။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now