Chapter 158

592 78 1
                                    


အကယ်စင်စစ် ကုမျန်၏အမြင်အရ၊ အိပ်မက်တွေကို လိုက်ဖမ်းသည့် ရိုမန့်တစ်လူငယ်ဒရာမာမျိုးသည် အနမ်းဇာတ်ကွက်အများကြီး မလိုအပ်ပါချေ။

တစ်ယောက်နှင့်တစ်ယောက် တိုက်မိကြပြီး အမျိုးသမီးဇာတ်ဆောင်က အမျိုးသားဇာတ်ဆောင်အ‌ပေါ်  ပြုတ်ကျသွားကာ လှေကားထစ်တွေပေါ်က လှိမ့်ကျသွားကြပြီး နမ်းမိသွား၏။အမျိုးသားဇာတ်ဆောင်က အမျိုးသမီးဇာတ်ဆောင်၏ခါးကို လက်နှစ်ဖက်ဖြင့် ပွေ့ထားပြီး အမျိုးသမီးဇာတ်ဆောင်က နမ်းရန်အတွက် ညွတ်ကိုင်းထားသည်......။

ဇာတ်ကွက်တစ်ခုပြီးတိုင်း အခက်အခဲက ပို,ပို၍ကြီးမားလာခြင်းပင်။

ကုမျန်တွင် မည်သည့်အကအခြေခံအုတ်မြစ်မှ မရှိပါချေ။ထို့ကြောင့် ဤကဲ့သို့သော ခန္ဓာကိုယ်အပေါ်ပိုင်းနောက်ပြန်လှုပ်ရှားမှုလိုမျိုး အခြေခံကကွက်မျိုးကို မလုပ်နိုင်တာ သေချာပေါက်ပင်။

သို့သော် "Peach" သည် သူမ နောက်ဆုံးလုပ်ကိုလုပ်ရမည့် ဇာတ်ကြောင်းဖြစ်သည်။ ကုမျန် ဤတီဗီစီးရီးကို ကောင်းကောင်း အပြီးသတ်ချင်၏။

သူမ အားသည့်အခါ၊ သူမသည် လော့ချယ်နှင့်သရုပ်ဆောင်လေ့ကျင့်၍ ရလောက်သည်။

တစ်ဖက်တွင် လော့ချယ်သည် Mr.ချန်း၏ဘက်သို့ လျှောက်သွားခဲ့သည်။

ဤအဘိုးအိုကိုကြည့်မိသည့်အချိန် သူ အနည်းငယ်ဖော်ရွေချင်သလို ခံစားလိုက်ရသည်။

တစ်ဖက်လူ၏ သဘောထားက ကြင်နာလွန်းတာ၊ တစ်ဖက်လူ၏ မျက်၀န်းတွေက စိတ်အားထက်သန်လွန်းတာ၊ ဒါမှမဟုတ် တခြားအကြောင်းရင်းများကြောင့်လည်း ဖြစ်နိုင်သည်။

လော့ချယ်သည် ယဉ်ကျေးသိမ်မွေ့စွာ ပြုံးပြလိုက်ပြီး "မဂ်လာပါ ကျွန်တော် လော့ချယ်ပါ"

Mr. ချန်းက  အပြုံးတစ်ပွင့်ဖြင့် သူ့ကိုယ်သူ မိတ်ဆက်ခဲ့သည်။"မဂ်လာပါ ငါ ချန်းကုပါ"

ဤလေသံက ဟောင်ကောင်လေယူလေသိမ်းမှန်း သိသာလှ၏။

လော့ချယ် နှစ်စက္ကန့်လောက် စဉ်းစားပြီးနောက် "မစ္စတာနဲ့ ချန်းကျစ်က..."

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now