Chapter 176

580 84 0
                                    

Chapter 176


ပေချန်းမှ ဟောင်ကောင်သို့ ပျံသန်းရန် လေးနာရီနီးပါးကြာခဲ့သည်။

သူတို့အုပ်စု အိမ်သို့ရောက်ရှိလာသည့်အချိန်က ညသန်းခေါင်ကျော်နေပြီဖြစ်သည်။

Mr. ချန်းသည် သူပြန်မလာခင်တွင် အိမ်တော်ထိန်းအိုကြီးအား အိပ်ခန်းအနည်းငယ်ကို ဖယ်ထားခိုင်းခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် လော့ချယ်နှင့်ကုမျန်တို့သည် သူတို့ရောက်ရှိပြီးနောက် အချိန်မရွေး ရွှေ့ပြောင်းနိုင်သည်။

သို့သော် အခန်းခွဲဝေပေးချိန်ရောက်သည့်အခါ  အိမ်တော်ထိန်းအိုကြီး ခေါင်းကိုက်သွားရတော့သည်။

လော့ချယ်နှင့်ကုမျန်တို့သည် ငယ်ရွယ်သော စုံတွဲများဖြစ်ပြီး တစ်ခန်းတည်းအိပ်သင့်သည်ဟူသည့် အကြောင်းပြချက်ရှိသော်လည်း ကုမျန်သည်တော့ အနည်းငယ်နေရခက်သည်ဟု ခံစားရသည်။

အဆုံးတွင်တော့ လော့ချယ်က အစပြုပြီး အခန်းနှစ်ခန်းလိုချင်သည်ဟု ပြောလာသည်။

အိမ်တော်ထိန်းအိုကြီး စိတ်သက်သာရာ,ရသွားရသည်။

လော့ချယ် နောက်တစ်နေ့တွင် နံနက်စာစားပြီးနောက် Mr.ချန်းက သူ့အား စာကြည့်ခန်းသို့ ခေါ်သွားခဲ့သည်။

Mr.ချန်းသည် ပျော်ရွှင်မှုများ ပြည့်နှက်နေပြီး အလွန်တက်ကြွနေဟန်ရှိလေသည်။ "မနက်ဖြန်ညမှာ မင်းရဲ့အထောက်အထားကို လူတိုင်းကို ကြေညာဖို့အတွက် အဘိုးက ပွဲတစ်ခုလုပ်ပေးမယ် မင်းဘယ်လိုထင်လဲ"

လော့ချယ် ပြုံးလိုက်ပြီး "ကောင်းပါပြီ အဘိုး"

"ကောင်းပြီး ဒါဆို အဘိုးက လူတိုင်းကို သတင်းပေးဖို့ လောင်ကျန်းကို‌ပြောလိုက်မယ်"

လော့ချယ် စာကြည့်ခန်းမှ ထွက်သွားပြီးနောက် Mr. ချန်းသည် ခဏလောက်စဉ်းစားပြီး လောင်ကျန်းကို ချန်းကျစ်အား ပြန်ခေါ်ခိုင်းလိုက်၏။ထိုမှသာ နောက်နေ့ညမရောက်မီ ပေချန်းမှ သူပြန်လာနိုင်မည် ဖြစ်သည်။

အိမ်တော်ထိန်းအိုကြီးက Mr.ချန်းအတွက် လက်ဖက်ရည်ပြုလုပ်ပေးလိုက်ပြီး ခံစားချက်များစွာဖြင့် "သခင်ကြီး၊ ဂုဏ်ယူပါတယ် ဂုဏ်ယူပါတယ် နောက်ဆုံးတော့ သခင်ကြီးရဲ့မြေးကို ရှာတွေ့ခဲ့ပြီ"

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now