Unicode
ဟိုလိုသည်လိုဆက်ဆံရေးဇာတ်ကွက်တွေ ထပ်တိုးတာနဲ့ပတ်သက်ပြီး ဒါရိုက်တာဖြစ်ချင်တာကတော့ အရမ်းများလွန်းသွားပြီ။
ထိုနည်းလမ်းနဲ့ဆို မူရင်းဇာတ်ကြောင်းအတွက် လာသူတွေရဲ့ လိုအပ်ချက်ကိုသာမက စိတ်ကူးယဉ်ဆန်တတ်တဲ့ သူတွေကိုလည်း ဖြည့်ဆည်းပေးနိုင်တယ်၊ ဒါက အမှန်တကယ်ကို ကျောက်ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင်ကို သတ်နိုင်လိုက်တာပဲ။
ဇာတ်လမ်းတွဲရဲ့အရှည်အတွက်နဲ့ မူရင်းဇာတ်လမ်းမှာ ပြိုင်ဘက်တွေ ထပ်မထည့်နိုင်တာကြောင့်မဟုတ်ခဲ့ရင် ဒါရိုက်တာက အမျိုးသားခေါင်းဆောင်နဲ့ အမျိုးသမီးခေါင်းဆောင်ကို ပိုပြီးချိုမြိန်တဲ့ ဇာတ်ကွက်တွေရှိလာစေချင်လိမ့်မယ်။
ဒါပေမယ့် သူစဉ်းစားကြည့်လိုက်တော့ သကြားအရမ်းများရင် ပရိသတ်က ငြီးငွေ့သွားလိမ့်မယ်လို့ သူခံစားရတယ်။ လူတွေကို သကြားနည်းနည်းနဲ့ မကျေမနပ်ဖြစ်အောင်လုပ်ပြီး မြည်းစမ်းကြည့်ပြီးနောက် ခံစားရတဲ့ အဆုံးမရှိလှတဲ့ အရသာကို ချန်ထားလိုက်တာက ပိုကောင်းတယ်။
အဲဒါက ချိုမြိန်မှုအမြင့်မားဆုံး အခြေအနေပါပဲ။
ဒါရိုက်တာက နောက်ဆုံးမှာ ဇာတ်ညွှန်းရေးဆရာနဲ့ စေ့စပ်ညှိနှိုင်းခဲ့ပြီး အမျိုးသားဇာတ်ဆောင်နဲ့ ဇာတ်လိုက်မင်းသမီးရဲ့sceneနှစ်ခုကိုသာ ထည့်သွင်းခဲ့တယ်။
ပထမsceneမှာ ယင်းလျန်က သူမရဲ့အခန်းကိုပြန်လာပြီး သူမရဲ့ရင်ခွင်ထဲမှာရှိနေတဲ့ မြေခွေးလေးကို ဂရုစိုက်ပြုစုပေးတဲ့အချိန်၊ မြေခွေးငယ်လေးက မမျှော်လင့်ဘဲ လူသားအသွင် ပြောင်းလဲသွားခဲ့တယ်။
မူလက ယင်းလျန်ရဲ့ရင်ခွင်ထဲ နာနာခံခံရှိနေတာက မြေခွေးလေးဖြစ်တယ်။ မြေခွေးလေး လူသားအသွင်ပြောင်းသွားပြီးနောက် အခြေအနေပြောင်းလဲသွားကာ ယင်းလျန်က အရပ်ရှည်ရှည်နဲ့ချန်းရှန်ရဲ့ရင်ခွင်ထဲကို တိုက်ရိုက်ရောက်သွားတယ်။
ဒီလိုsceneမျိုးမှာ၊ ဒါရိုက်တာရဲ့ ကုမျန်ကိုတောင်းဆိုမှုက ယင်းလျန် ချန်းရှန်ရဲ့ရင်ခွင်ထဲ ကျသွားတဲ့အခိုက်အတန့်ကို ရိုက်ကူးပေးဖို့ပါပဲ။
YOU ARE READING
ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်
RandomStatus in COO : 253 chapters (complete)