Unicode
နောက်ပိုင်းမှာ လင်းချီကတောင် ထပ်ပြီးသည်းမခံနိုင်တော့ဘဲ Weibo ပေါ်မှာ တင်လိုက်တယ်။"ကြယ်ပွင့်တွေက auto tuneအပေါ် မှီခိုပြီး သီချင်းဆိုနေပေမယ့် အစစ်အမှန်အဆိုတော်တွေကတော့ လေလွင့်နေရတယ်"
ဒီ Weibo ပို့စ်က အဲ့ဒီအချိန်မှာ အသေးစားအုတ်အော်သောင်းတင်းကို ဖြစ်ပေါ်စေခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ သူက အဲ့ဒီပို့စ်ကို ခံစားချက်တွေနဲ့ ထင်ထင်ရှားရှားကြီး တင်လိုက်တာမို့ပဲ။
လင်းချီက သီချင်းမဆိုတတ်တဲ့ကြယ်ပွင့်နဲ့ တွေ့ခဲ့တာလား။ ဒါဆို သူ ဘယ်သူအကြောင်းကို ပြောနေတာလဲ။
"Ask the Immortals" ရဲ့အဆိုတော်စာရင်း ထွက်ပေါ်လာပြီးနောက် အဲ့ဒီလူက ကုမျန်ဖြစ်ကြောင်းကို အင်တာနက်အသုံးပြုသူတွေက သိရှိသွားကြတယ်
ထိုအချိန်မှာ မူလပိုင်ရှင်ကို အင်တာနက်အသုံးပြုသူတွေက သဘောမကျကြပေ။ ဒီအတွက်ကြောင့် ကိစ္စတွေကပိုဆိုးသွားကာ သူမရဲ့နှစ်သက်ခံရမှုတွေက အနုတ်ကိန်းကို တိုက်ရိုက်ကျဆင်းသွားတော့တယ်။
မူရင်းပိုင်ရှင်က သီချင်းမဆိုတတ်ဘူး။ ကုမျန်ကိုယ်တိုင်လည်း သူမသီချင်းဆိုတတ်လားဆိုတာကို မသိနေဘူး။ သီချင်းတစ်ခါမှမဆိုဖူးဘူးဆိုတော့ မသိဘူးလေ။ ဒါပေမယ့် ဂီတသံစဉ်အတက်အကျကို ခွဲခြားနိုင်စွမ်းမရှိသော်ငြားလည်း သူမ စတူဒီယိုကို အခုသွားမှရမယ်။
ဒါက ဇာတ်ကြောင်းအရဆို သွားသင့်တဲ့နေရာတွေထဲကတစ်ခုပဲ။
ကုမျန်က ကုတ်တစ်ထည်ကို ပေါ့ပေါ့ပါးပါးဝတ်လိုက်ပြီး အပြင်ထွက်သွားတယ်။ သူမက ရှောင်ကျူးကိုမပြောဘဲ တက္ကစီစီးကာ အသံသွင်းစတူဒီယိုဆီ သွားခဲ့တယ်။
စတူဒီယိုဆီရောက်ရှိလာပြီးနောက် ကုမျန်က တံခါးခေါက်ပြီး တံခါးကိုဖွင့်ကာ အထဲဝင်လာခဲ့တယ်။ လော့ချယ်မရှိနေတာကို သူမသိလိုက်ရတယ် ။
"Ask the Immortal" က မပြီးသေးတဲ့အတွက် ရိုက်ကူးရေးအဖွဲ့သားတွေနဲ့ သူ ရိုက်ကူးနေဆဲဖြစ်လိမ့်မယ်။
Duetဆိုရမှာပေမယ့် အသံသွင်းဖို့အတွက် နှစ်ယောက်စလုံးရှိနေဖို့ မလိုအပ်လေဘူး။ သီချင်းကို နောက်ပိုင်းမှာ ပေါင်းစပ်လိုက်လို့ရတယ်။
YOU ARE READING
ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်
RandomStatus in COO : 253 chapters (complete)