ဘ၀မှာ နေရင်းထိုင်ရင်းနဲ့ အဆဲခံရလိမ့်မယ်လို့ တစ်ခါမှ မထင်ထားခဲ့ဖူးဘူး🥹။
စခင်ရင်ရှော့ပြချင်ပေမယ့် တင်လို့မရလို့ မပြတော့ပါဘူး။ Zawgyi နဲ့မတင်လို့တဲ့ကွယ် l**တွေရော S*တွေရော စုံအောင်ဆဲပြီး မန့်သွားတာ🥲။ အရှေ့မှာရေးထားခဲ့တယ်လေ ဖုန်းပြောင်းထားလို့ Zawgyi ပြောင်းမရလို့ပါဆိုပြီး။ သူလည်း ဖတ်နေရင်းနဲ့ ဖတ်မရတော့ စိတ်တိုရှာမှာပါပေါ့ နားလည်ပါတယ်။ အရင်ကဖတ်ခဲ့တဲ့ ဘာသာပြန်တွေလည်း အဲ့လိုပဲ တ၀က်ရောက်ပြီဆို ဖတ်မရတော့ဘူးတဲ့။ ဒါပေမယ့်လည်း ကိုယ်တို့ဘာသာပြန်တွေမှာ ဘာအပြစ်ရှိလို့ဆဲရတာတုန်း။ ကိုယ်တွေက ဘာသာပြန်ရုံလေးပါ။ Zawgyi ပြောင်းမရတာကို ဘယ်လိုလုပ်ပေးရမတုံး။ မရတာကို ရအောင်လုပ်ပေးရအောင်ကလည်း ဘယ်ကနေဘယ်လိုလုပ်ပေးရမှာလဲ။ ပြီးတော့ အခုက အားလုံးနီးပါး Unicode သုံးနေကြပြီလေ။ ကိုယ်တွေတောင် Unicode သုံးနေတာ သုံးနှစ်ကျော် လေးနှစ်လောက်ရှိပြီ။ ရတုန်းကတော့ Zawgyi မရ,ရအောင်လုပ်ပေးတယ်။ မရတော့လည်း မရတဲ့အကြောင်းပြောပြပါတယ်ကွယ်။ တမင်တကာမတင်တာလည်း မဟုတ်ပါဘူး။ အဆဲခံလိုက်ရတာ ပါးစပ်တောင် ဟောင်းလောင်းပွင့်တယ်🙄။ အခုတော့ Unicode တွေ Zawgyi တွေ အပေါ်မှာမရေးထားတာ့ပါဘူး။ နောက်အပိုင်းတွေတင်ရင် ၊နောက်အပုဒ်တွေတင်ရင် Unicode တမျိုးပဲတင်ပါတော့မယ်။ ကိုယ့်ထမင်းကိုယ်စားရင်း အဆဲမခံနိုင်လို့ပါ🥴 ။
YOU ARE READING
ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်
RandomStatus in COO : 253 chapters (complete)