Unicode
ချန်းကျစ်သည် သူ့အတွင်းရေးမှုးတင်ပြလာသည့် အချက်အလက်များကို မယုံကြည်နိုင်စွာ ကြည့်နေပြီး "လော့ချယ်ရဲ့အချက်အလက်တွေ အားလုံး ဒီထဲရှိပြီလား"
အတွင်းရေးမှူးက ခေါင်းကို အနည်းငယ်ညိမ့်ပြပြီး ဝမ်းဗိုက်ရှေ့ကိုလက်တင်၍ ပြောလာ၏။ "ဟုတ်ပါတယ် Mr. ချန်း"
ချန်းကျစ်သည် စာရွက်စာတမ်းများကို စားပွဲပေါ်ပစ်ချလိုက်ပြီး သူ့အသံက ကျယ်လာတော့သည်။"အားလုံးလား?"ချန်းကျစ် စားပွဲကို ပြင်းပြင်းထန်ထန်ထုလိုက်သည်။ "ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ၊ ဖျော်ဖြေရေးနယ်ပယ်မှာ ငါးနှစ်လောက်နေခဲ့ပြီကို သူ့မှာဘာအရှုပ်အရှင်းမှ မရှိဘူးဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ"
မြက်မှုန့်မရှိ၊ (ပရိသတ်များနှင့် ဆက်ဆံရေး ရှုတ်ထွေးခြင်း)၊ ဒိတ်အတွက် ချိန်းဆိုမှုများမရှိ၊ မူးယစ်ဆေးအလွဲသုံးစားမှုများမရှိဘဲ စာရွက်ဖြူတစ်ရွက်ကဲ့သို့ သန့်ရှင်းသောကိုယ်ပိုင်ဘဝ။
ရိုးရိုးသားသားပြောရလျှင် အတွင်းရေးမှူးသည် ဤကိုယ်ရေးကိုယ်တာအချက်အလက်ကို ပထမဆုံးမြင်သည့်အချိန်တုန်းကလည်း ချန်းကျစ်ကဲ့သို့ပင် တုံ့ပြန်ခဲ့မိသည်။
မယုံနိုင်လောက်အောင်ကို အံ့သြစရာကောင်းလွန်းသည်။
အတွင်းရေးမှူးက ခဏလောက်စဉ်းစားပြီး "နယ်ပယ်ထဲမှာဆို လော့ချယ်ရဲ့ ဂုဏ်သတင်းက အရမ်းကောင်းတယ် သူ့မှာ အကျင့်ဆိုးတွေမရှိဘူး၊ ရိုးရိုးရှင်းရှင်းကို သန့်ရှင်းလှတဲ့ရေစီးကြောင်းလေးပဲ (ကိုယ်ကျင့်တရားမြင့်မားသည့်သူ)"
ချန်းကျစ်က မလိုတမာစိတ်ဖြင့် ခန့်မှန်းတော့သည်။"သူက ဘယ်လိုလုပ်မဆိုး၀ါးရမှာလဲ မဟုတ်ရင် ချောမောလှပတဲ့မိန်းကလေးတွေ ဝိုင်း၀ိုင်းလည်နေတဲ့ ဖျော်ဖြေရေးနယ်ပယ်မှာ သူ တစ်ယောက်ယောက်နဲ့ ရှိနေပြီးတာရော မဖြစ်နိုင်ဘူးလား"
အတွင်းရေးမှူးသည် ထိုစကားကိုကြားသောအခါ စိတ်ထဲ မငြီးတွားဘဲမနေနိုင်တော့ပေ။ 'သခင်လေးချန်းရေ မင်းအနားမှာရော လှပတဲ့လူတွေ ရှိမနေလို့လား မင်းနားမှာ မိန်းကလေး typeအမျိုးမျိုးရှိပေမယ့် မင်း သူတို့နဲ့လည်း မကစားခဲ့ဘူးလေ မဟုတ်ရင် ပြင်ပကမ္ဘာက မင်းကို gayလို့ ဘာလို့ပြောကြမှာလဲ အဲဒါက တကယ့်အစစ်လိုမျိုး ထင်ထင်ရှားရှားပျံ့နှံ့နေတုန်းပဲဗျ”
YOU ARE READING
ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်
RandomAssociated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters (complete)