ကျန်းယွီယောင်သည် 'ပေချန်းရုပ်ရှင်နှင့် ရုပ်မြင်သံကြားမြို့တော်' ဟူသော စကားလုံးကို ကြည့်ပြီး Mr.ချန်းလုပ်နေသည့်အရာကို နားမလည်နိုင်ခဲ့ပါချေ။အဘိုးအိုချန်းသည် ယခင်က ကြယ်ပွင့်တွေကို သဘောမကျဘဲ သူတို့ကို သရုပ်ဆောင်တွေဟု ခေါ်ရသည်ကိုကြိုက်ပြီး ရုပ်ရှင်စတူဒီယိုကဲ့သို့ နေရာမျိုး၌ ခြေမချဖူးချေ။
သို့သော် ယခုတော့ ဘာဖြစ်သွားသည်လဲ။ နေအနောက်ကနေ ထွက်လာသည်လား။
ကျန်းယွီယောင် တစ်ခုခုကို တွေးမိသွားပြီး ဖုန်းကိုထုတ်၍ ကုမျန်၏အချက်အလက်များကို ရှာဖွေလိုက်သည်။မမျှော်လင့်ဘဲ သူမ ရှော့ရသွားရ၏။ ကုမျန်သည် ပေချန်းရုပ်ရှင်နှင့် ရုပ်မြင်သံကြားမြို့တော်တွင် အမှန်တကယ် ရုပ်ရှင်ရိုက်ကူးနေသည်။
ချန်းကျစ်၏ ယခင်လှုပ်ရှားမှုကို သူမသတိရသွားသည်။ Mr.ချန်းသည် ၎င်း၏မြေးချွေးမဖြစ်သူအား စစ်ဆေးရန် ပေချန်းသို့ အလျင်စလိုပြေးလာသည်တော့ မဟုတ်ဘူးမလား။
ကျန်းယွီယောင် အကျပ်အတည်းကို ခံစားလိုက်ရသည်။ ပထမ၌ သူမ ချန်းကျစ်ကိုရှာချင်လျှင်ပင် ယခုတွင်တော့ ထိုသို့မလုပ်ချင်တော့ပေ။
ကုမျန်က သူမ၏နံပါတ်တစ်ပြိုင်ဘက်အဖြစ် စာရင်းဝင်ခဲ့သည်မှာ ကြာလှပြီဖြစ်သည်။
သူမသည် Mr. ချန်း၏အနားတွင် ခိုင်မြဲစွာနေရန် လိုအပ်ပြီး သူမ၏ထူးခြားသောအဆင့်အတန်းကို ထိန်းသိမ်းထားရမည်ဖြစ်သည်။
ကျန်းယွီယောင်၏ ပံ့ပိုးကူညီမှုဖြင့် ပေချန်းရုပ်ရှင်နှင့် ရုပ်မြင်သံကြားမြို့တော်သို့ မဝင်ရောက်မီတွင် အဘိုးအိုချန်းသည် ခေတ္တမျှအနားယူလိုက်ပြီး ထို့နောက် လော့ချယ် ရုပ်ရှင်ရိုက်ကူးနေသည့်နေရာသို့ အမြန်သွားခဲ့သည်။
အနီးအနားတွင် ဝန်ထမ်းတွေရှိသောကြောင့် သူတို့ သရုပ်ဆောင်နေကြသည်ကို အဝေးကနေသာ စောင့်ကြည့်ရမည်ပင်။
အဘိုးအိုချန်းက လက်ထောက်ယူလာသည့်ထိုင်ခုံပေါ် ထိုင်ပြီး လော့ချယ်သရုပ်ဆောင်သည်ကို အာရုံစိုက်ကြည့်ရှုနေလိုက်၏။
YOU ARE READING
ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်
RandomStatus in COO : 253 chapters (complete)