Chapter 175

544 89 0
                                    

Chapter 175

Mr.ချန်းသည် လေယာဉ်ပေါ်တက်ပြီးသည့်နောက် လော့ချယ်အနားရှိ မိန်းကလေးကို သဘာဝကျကျပင် သတိထားမိခဲ့သည်။

Mr. ချန်းက အလွန်ကြင်နာသည့်လေသံဖြင့် "ချယ်ကျိုက် မင်း သူမကို အဘိုးနဲ့ မမိတ်ဆက်ပေးတော့ဘူးလား"

လော့ချယ်က ကုမျန်၏လက်ကိုကိုင်၍ လေးနက်တည်ကြည်စွာဖြင့် မိတ်ဆက်ပေးလာသည်။"အဘိုး၊ ဒါက ကျွန်တော့်ရဲ့လက်ရှိကောင်မလေးဖြစ်ပြီး အနာဂတ်ဇနီးသည်ပါ"

Mr. ချန်း အံ့အားသင့်သွားသည်။ သူက ခဏလောက်စဉ်းစားပြီး "မင်းက ငယ်သေးတယ် အလျင်လိုစရာမလိုဘူးဆိုပေမယ့်လည်း မင်းအရင်ဆုံး စေ့စပ်ထားချင်ရင်တော့ အဆင်ပြေပါတယ်"

Mr.ချန်းသည် ပွင့်လင်းပြီး အငယ်များ၏ ဆက်ဆံရေးကို အနှောင့်အယှက်ပေးမည်မဟုတ်ပေ။ ထို့အပြင်၊ ယခု သူသည် သူနှစ်ပေါင်းများစွာ ဂရုစိုက်ပေးရန် အကြွေးများစွာတင်နေခဲ့သည့် လော့ချယ်နှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

လော့ချယ်၏ခံစားချက်ကို ကြားဝင်စွက်ဖက်နိုင်သည့် အလားအလာက ပို၍ပင်နည်းပါးသည်။

ထိုစကားများကိုကြားလိုက်ရသည့်အခါ ကုမျန်၏ဦးရေပြားက ထုံကျင်သွားရ၏။

သူမသည် အနာဂတ်တွင် တတိယမြောက် လမ်းခွဲစကားကို ပြောရမည်ဖြစ်သည်။ သူမသာ စေ့စပ်ထားလိုက်ပါက အနည်းငယ်ဒုက္ခများသွားလိမ့်မည်ပင်။

သူမ လော့ချယ်စကားပြန်မပြောရသေးခင် အရင်ပြောလိုက်မိတော့သည်။ "စိတ်မပူပါနဲ့ အားချယ် ရှင် ဟောင်ကောင်မှာ အခြေကျတည်ငြိမ်သွားတဲ့အထိ စောင့်ပါဦး"

Mr. ချန်းက သူမအား အသိအမှတ်ပြုသည့်အကြည့်တချက် ပေးလိုက်သည်။

Mr. ချန်းအတွက်တော့ လော့ချယ် ဟောင်ကောင်တွင် တတ်နိုင်သမျှ အမြန်ဆုံး အခိုင်အမာခြေကုပ်ယူရန်က အရေးကြီးဆုံးအရာဖြစ်သည်။ ကုမျန်က ထိုအကြောင်းကို အရင်ပြောခဲ့ပြီး သူမသည် အတော်ဖြောင့်မတ်ပုံရလေသည်။

လော့ချယ် ကုမျန်ကို လေးလေးနက်နက် စိုက်ကြည့်လိုက်သည်။ ကုမျန်၏ပလက်ဖောင်းကို ဖြိုဖျက်မိမည်စိုးသောကြောင့် သူ မည်သည့်တစ်စုံတစ်ရာမှ ပြန်လည်မငြင်းဆိုခဲ့ပေ။(ဆိုလိုရင်းသိပ်နားမလည် ဒီနေရာမှာ သူ့ကောင်မလေးပြောတဲ့စကားမို့ ပြန်မငြင်းချင်‌တဲ့သဘောပဲထင်ပါတယ်)

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now