Chapter 177

235 61 0
                                    

Chapter 177


ကုမျန်သည် တစ်နေ့လည်လုံး အဝတ်လဲခန်းတွင် နေခဲ့ရသည်။

လော့ချယ်သည် ယနေ့ည ညစာစားပွဲတစ်ခုလုံး၏ အဓိကလူဖြစ်သောကြောင့် သူ့ကောင်မလေးဖြစ်သည့် သူမကလည်း သဘာဝကျကျပင် ဂရုစိုက်ခံရလေသည်။

ဟောင်ကောင်၏ ထိပ်တန်းပြင်ဆင်ရေးအဖွဲ့သည် သူမ၏အလှ သေချာပို၍ပေါ်လွင်လာစေရန်  မိတ်ကပ်နှင့် အ၀တ်အစားစတိုင်လ်များကို ပြင်ဆင်ပေးခဲ့ကြသည်။

ထိုအချိန်တွင် သူမ နွေးထွေးစွာ နှုတ်ခွန်းဆက်သည့်စကား အနည်းငယ်ကို ကြားလိုက်ရသည်။"မဂ်လာပါ sir"

လော့ချယ်၏အထောက်အထားသည် ညစာစားပွဲ၏  highlightဖြစ်သောကြောင့် Mr.ချန်းသည် လူတိုင်းအား မကြေငြာမီတွင် သူ့အထောက်အထားကို လျှို့ဝှက်ထားမည်ဖြစ်သည်။ စတိုင်လ်လစ်အဖွဲ့ပင် မသိကြပါချေ။

ကုမျန် စတိုင်လ်လစ်များ နှုတ်ဆက်ကြသည့်အသံကိုကြားတော့ တံခါး၀ကို လှမ်းကြည့်လိုက်သည်။

လော့ချယ်က တံခါးဝတွင် ရပ်နေလေသည်။

သူသည် သူနှင့်ကွက်တိတော်သည့် အနက်ရောင်၀တ်စုံကို ၀တ်ဆင်ထားသည်။

သူ သွယ်လျသည့်ခြေတံရှည်များဖြင့် သူမဆီ ကြော့ရှင်းစွာ လျှောက်လာသည့်အချိန်တွင် သူမ၏ အသက်ရှူသံက တစ်စက္ကန့်မျှ ရပ်တန့်သွားရသည်။

လော့ချယ်က ကုမျန်၏ရှေ့ ဆယ်စင်တီမီတာအကွာတွင်ရပ်ပြီး ပြောလာသည်။ "မင်း ဒီနေ့ အရမ်းလှတယ်"

ကုမျန် မျက်တောင်ခတ်ပြီး သူမကိုယ်သူမ မှန်ထဲတွင် ပြန်ကြည့်လိုက်၏။

သူမတွင် တောက်ပသောမျက်၀န်းများရှိပြီး အလွန်လှပသည်။ ဤအဖွဲ့က သူမ၏ အလှတရား ကိုးဆယ့်ကိုးရာခိုင်နှုန်းကို ဖော်ထုတ်နိုင်ခဲ့သည်။

ပြီးပြည့်စုံသည့်ရမှတ်နှင့် ဝေးကွာနေသေးသည့်အတွက်ကြောင့်သာ  မဟုတ်ပါက သူမ ဂုဏ်ယူဝံ့ကြွားနေမိမည်ပင် စိုးရ၏။

ကုမျန် နှုတ်ခမ်းကိုဟရင်း လော့ချယ်အား ရိုးရိုးသားသားပင် ချီးမွမ်းလိုက်သည်။ "ကျေးဇူးပါ ရှင်လည်း ဒီနေ့ အရမ်းချောတယ်"

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now