Chapter 159

872 87 0
                                    


ကုမျန် ဇာတ်ညွှန်းဖတ်ပြီးသွားပြီဖြစ်သည်။
မစ္စတာချန်းက သူ့အထောက်အထားအစစ်အမှန်ကို ပြောပြလောက်မည်ဟု ကုမျန်မှန်းဆထားသည်။ လက်ရှိ၌ DNA စစ်ဆေးချက်လက်မှတ်တစ်ခုသာ လိုအပ်တော့သည်။
သူမသည် ခဏတာမျှ အနည်းငယ်စိတ်လှုပ်ရှားသွားရသည်။ အမျိုးသားဇာတ်ဆောင်သည် အမျိုးသားဇာတ်ဆောင်ဖြစ်ရန် ထိုက်တန်သူဖြစ်သည်။ သူ မည်မျှကြီးမားသည့်ဇာတ်ကွက်များကို ကြုံတွေ့ရပါစေ အေးဆေးတည်ငြိမ်ပြီး အလျင်မလိုတတ်ချေ။ သူသည် ချမ်းသာသောမိသားစုမှ မွေးဖွားလာပြီး ဘီလီယံရာနှင့်ချီ အမွေဆက်ခံနိုင်မည်ဖြစ်ကြောင်း သိလိုက်ရလျှင်ပင် သူ့မျက်နှာမှာ တည်တည်ငြိမ်ငြိမ် ရှိနေဆဲဖြစ်၏။

သူ့ကိုယ်ပိုင်အထောက်အထားအစစ်ကို သိလိုက်ရသည့်အခိုက်အတန့်၌ သူ မည်သည့်ခံစားချက်ရှိလောက်မည်မှန်း သူမ မသိပါချေ။

ပျော်ရွှင်မှုလား?

အံ့သြမှုလား?

ဒါမှမဟုတ် တခြားတစ်ခုခုလား။

ကုမျန် သိစရာအကြောင်းမရှိပေ။

လော့ချယ်ထိုင်ပြီးနောက် ကုမျန်လှည့်ကြည့်ပြီး မေးလိုက်မိ၏။"အဲ့ဒီအဘိုးက ရှင့်ကို ဘာပြောတာလဲ"

လော့ချယ် နှစ်စက္ကန့်မျှ တိတ်ဆိတ်သွားသည်။

ရိုးရိုးသားသားပြောရလျှင် အဖြစ်အပျက်က သူ့မျှော်လင့်ထားသည်ထက် တကယ်ကို ကျော်လွန်သွားခဲ့ခြင်းပင်။

သို့သော် ၎င်းက အနည်းငယ်မတော်တဆဖြစ်သွားခြင်းသာ။

လော့ချယ်ကိုယ်တိုင်ပင် သူတည်ငြိမ်နေမိခြင်းကို အနည်းငယ် အံ့အားသင့်နေမိသည်။သူသည် ဟောင်ကောင်ရှိ ချန်းမိသားစု၏ တစ်ဦးတည်းသော အမွေဆက်ခံသူဖြစ်နိုင်ပြီး မရေမတွက်နိုင်သော အိမ်၊ခြံမြေများပေါ်တွင် ထိုင်နေလောက်ရမည့်သူမှန်း သိသော်လည်း သူ သိပ်စိတ်မလှုပ်ရှားနေပေ။

တကယ်တော့ သူ့စိတ်ထဲ ကိစ္စအများကြီး လိုက်တွေးနေမိသည်။

သို့သော် သူ အတွေးမိဆုံးအရာက ဤကိစ္စအားလုံးသာ အမှန်ဆိုလျှင် သူ့မွေးစားမိဘတွေကို မည်သို့ရင်ဆိုင်သင့်လဲဆိုတာပင်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now