Chapter 75

1.7K 204 1
                                    

Unicode

၀မ့်ရှားက ကယောင်ချောက်ချားဖြစ်လာပြီး "မဟုတ်ဘူး၊ ကျွန်မ ကုမ္ပဏီအတွက် နှစ်တွေ အများကြီး ပိုက်ဆံရှာပေးခဲ့တယ်လေ ကုမ္ပဏီက ကျွန်မကို ဘယ်လိုလုပ် ဒီလိုမျိုးဆက်ဆံနိုင်မှာလဲ၊ မဟုတ်ဘူး၊ အစ်မနင်၊ အစ်မနင် အမှတ်မှားတာပဲဖြစ်မှာ"

အစ်မနင်က သူမရဲ့ခြေထောက်ကို ကိုင်ထားတဲ့ ၀မ့်ရှားရဲ့လက်တွေကို ဖယ်လိုက်ပြီး "ငါမှားနေတာတဲ့လား မစ္စတာ၀မ်ကို နင်ကိုယ်တိုင်သွားမေးကြည့်လိုက်လေ"

ဘာပဲပြောပြော ဖော်ထုတ်ခံလိုက်ရတာတွေက အသေးအဖွဲကိစ္စမဟုတ်ပေ။ ၀မ့်ရှားကို ဆက်ထိန်းသိမ်းထားရမယ့် ကုန်ကျစရိတ်က အရမ်းကြီးမားပြီး ကုမ္ပဏီက ဒီလိုအရှုံးပေါ်တဲ့အလုပ်ကို ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။

အစ်မနင်က လှည့်ထွက်ပြီး တံခါးဆီလျှောက်သွားလိုက်တယ်။ နည်းနည်းတွေးပြီးနောက် သူမက ခေါင်းကိုလှည့်ကာ ဝမ့်ရှားကို နောက်ဆုံးအကြိမ်အဖြစ် တစ်ချက်ကြည့်လိုက်ပြီး "၀မ့်ရှား နင်အခုကစပြီး ကိုယ့်ကိုကိုယ် ပံ့ပိုးရလိမ့်မယ်"

သူမက တံခါးဖွင့်ပြီး နောက်ပြန်လှည့်မကြည့်ဘဲ ထွက်သွားခဲ့တယ် ။

၀မ့်ရှားက သူမရဲ့မျက်နှာကို လက်နဲ့အုပ်ထားပြီး သူမရဲ့လက်ချောင်းတွေကြားကနေ မျက်ရည်တွေ စီးကျလာတော့တယ်။ အစ်မနင်က သူမကို ဘယ်တုန်းကမှ မလိမ်ညာဖူးဘူး။ ဒီလိုပြောတယ်ဆိုတည်းက ကုမ္ပဏီက သူမကို တကယ်ပဲ စွန့်ပစ်လိုက်တာဖြစ်လိမ့်မယ်။

အခုအချိန်မှာ သူမရဲ့ စိတ်အခြေအနေက အရမ်းရှုပ်ထွေးနေပြီး သူမဘာကို ပိုပြီးစိတ်မ‌ကောင်းဖြစ်ရမလဲဆိုတာ မသိတော့ဘူး။

အစ်မနင်နဲ့ မစ္စတာဝမ်ကို သူမမုန်းတီးပေမယ့်လည်း ကုမျန်ကို သူမအမုန်းဆုံးပင်။

ကုမျန်ကသာ သူမဆီကနေ ဇာတ်ကောင်လုယူမသွားခဲ့ရင် ဒါတွေ ဘာမှဖြစ်လာမှာမဟုတ်ဘူး။

ဒါပေမယ့် အခုတော့ သူမ ကုမျန်ကို ဘယ်လောက်ပဲမုန်းတီးနေပါစေ အသုံးမဝင်တော့ပေ။

ဒီဖော်ထုတ်မှုသုံးခုက အစသာရှိသေးကြောင်း ၀မ့်ရှားမသိသေးပါ။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now