Chapter 125

1.3K 184 0
                                    

Unicode

နေသာလှတဲ့ နေ့လယ်ခင်းတစ်ခုမှာ နှေးကွေးပြီး နူးညံ့လှတဲ့ခြေလှမ်းသုံးချက်နဲ့ လော့ချယ် စိတ်အေးချမ်းမှုကို ခံစားလိုက်ရတယ်။ တကယ်လို့ ဒီတိုင်းသာဆက်ရှိနေရရင် သူ အောက်ဆုံးထိရောက်တဲ့အထိ ခုန်ချရမယ်ဆိုရင်တောင် စိတ်မပူတော့ဘူး။

အချိန်ယူလိုက်ရင် သူတို့ ပိုအဆင်ပြေလာလိမ့်မယ်။

တစ်နာရီနီးပါးကပြီးသွားတော့ ကုမျန် နည်းနည်း ပင်ပန်းလာပြီ။ သူမ ဒီထက်ပိုပြီးဆက်မကနိုင်တော့တာကြောင့် ပြောလိုက်ရတယ်။

"တစ်နေရာရာကို ဈေးဝယ်ထွက်ရအောင်"

"ဟုတ်ပြီ"

သူတို့ အကခန်းမကထွက်လာပြီးတာနဲ့ မကြာဘူး။ လူတစ်ယောက်က ကိစ္စတစ်ခုခုရှိနေသလိုမျိုး အမြန်ပြေးလာတာကို တွေ့လိုက်ရတယ်။

လော့ချယ်က အလုပ်သမားလေးကို လှမ်းဆွဲလိုက်ပြီး ဘာဖြစ်နေတာလဲလို့ မေးလိုက်တယ်။

အလုပ်သမားလေးက ပြန်ဖြေလာတယ်။

"မိန်းကလေးတစ်ယောက်က ပြတင်းပေါက်ကနေ ခုန်ချဖို့လုပ်နေတာ ကျွန်တော်တို့ ရဲကိုခေါ်ထားပြီးပေမယ့် မရောက်သေးဘူး ဒါကြောင့် လူတွေက သူမကို ဖြောင်းဖြဖို့လုပ်နေကြတယ်"

ကုမျန် အံ့ဩသွားမိတယ်။

ဒါက ဆယ့်ရှစ်ထပ်ဖြစ်တယ် ။ တစ်ယောက်ယောက်သာ ခုန်ချလိုက်ရင် ကံမကောင်းရင် သေမှာ။

သူမ‌က ဘေးမှာရပ်နေတဲ့ လော့ချယ်ကို ပြောလိုက်တယ်။

"တစ်ချက်သွားကြည့်ရအောင်"

"Okay"

ကုမျန်ရဲ့နောက်ကနေ လော့ချယ်လိုက်သွားတယ်။ ပြတင်းပေါက်နားကိုရောက်တော့ မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရတယ်။ သူမက ခြေတစ်ဖက်ကို ပြတင်းပေါက်အပြင်မှာ ချထားတယ်။

သူမက သွေးရူးသွေးတန်းနဲ့ ပတ်အော်နေတယ်။

"ငါ့နားမလာခဲ့နဲ့နော် ထပ်တိုးလာရင် ငါခုန်ချပစ်မယ်"

မိန်းကလေးအလုပ်သမားလေးက သူမကိုဖြောင်းဖြနေတယ်။

"ရှင် ဘာတွေလုပ်နေတာလဲ ရှင်သေသွားရင် အမှိုက်ကောင်တွေက ပျော်နေမှာပေါ့"

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now