Chapter 146

1.2K 163 3
                                    

Unicode

လော့ချယ်က စိတ်ရှည်ရှည်ဖြင့် ရှင်းပြလိုက်၏။ "ဒါက စိန်ခေါ်မှုတစ်ခုလေ ဒီပြိုင်ပွဲဝင်က အကဲဖြတ်ဒိုင်လူကြီးကို စိန်ခေါ်ခဲ့တာ"

လော့ပါပါးသည် TV ပေါ်မှ ရွှယ်ကွေ့၀မ်ကို အပြစ်မြင်သည့်အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ "ဒီမိန်းကလေး အဲ့လိုလုပ်လို့မရဘူးလေ သူမက အရမ်းခေါင်းမာလွန်းတယ်"

လော့မာမားကလည်း မကျေမနပ်ဖြင့် ပြောလာသည်။ "ဟုတ်တယ်၊ ပထမတော့ ဒီကလေးမလေးက ရုပ်ချောရုံသာမက ကောင်းကောင်းသီချင်းဆိုတတ်၊ ကတတ်တယ်လို့  အမေထင်ခဲ့တာ သူက အဲ့လိုလူဖြစ်လိမ့်မယ်လို့တော့ မထင်ထားမိခဲ့ဘူး"

လော့ချယ်၏မိဘများအမြင်တွင်၊ သူတို့သည် သူတို့၏ချွေးမနှင့် သဘာဝကျကျပင် ပို၍နီးစပ်ရမည်ပင်။

ဤရွှယ်ကွေ့၀မ်သည် အမှန်တကယ်ပင် သူတို့၏ချွေးမအပေါ် နင်းတက်ချင်ခဲ့သည်။ သူမ မည်မျှပင်ကြည့်ကောင်းနေပါစေ သူတို့က သူမကို လုံးဝသဘောကျမည်မဟုတ်ချေ။

လော့ချယ်မိဘများ၏ ရွှယ်ကွေ့၀မ်အပေါ်အထင်အမြင်အမှတ်သည် အနုတ်လက္ခဏာဖြစ်သွားတော့သည်။

ရွှယ်ကွေ့၀မ်အပေါ် လော့ပါပါး၏ ပထမဆုံး အထင်အမြင်မှာ အလွန်ဆိုးရွားသည်။ "ဒီကလေးမလေးက အရမ်းကိုအကြံအစည်များလွန်းတယ်၊ ပြိုင်ပွဲဝင်တစ်ယောက်က အကဲဖြတ်ဒိုင်လူကြီးကိုစိန်ခေါ်ဖို့ ဘယ်လိုအကြောင်းပြချက်ရှိနိုင်မှာလဲ၊ ကံကောင်းလို့ပေါ့ မျန်းမျန်က သဘောမတူခဲ့တာ"

တကယ်တော့ အကဲဖြတ်ဒိုင်လူကြီးတွေကို စိန်ခေါ်သည့်ပြိုင်ပွဲဝင်တချို့ ရှိခဲ့သော်လည်း လော့ပါပါးသည် ဖျော်ဖြေရေးနယ်ပယ်နှင့် သိပ်မရင်းနှီးချေ။သူသည် ကုမျန်ကြောင့်သာ ဖျော်ဖြေရေးနယ်ပယ်ကို နားလည်မှုအနည်းငယ်ရှိခဲ့ပြီး ဤသည်ကလည်း reality show ကို ကြည့်ခဲ့ရတာကြောင့်ပင်။ ထို့အပြင်၊ သူသည် ကုမျန်၏ဘက်တွင်ရှိနေသည့်သူ ဖြစ်သောကြောင့် ရွှယ်ကွေ့၀မ်၏အပြုအမူသည် သူမ(ကုမျန်)အား စိတ်အနှောင့်အယှက်ဖြစ်စေသည်ဟု သဘာဝကျကျပင် ခံစားခဲ့ရသည်။

လော့ပါပါးသည် လုံးဝကူကယ်ရာမဲ့သွား၏။

လော့မာမားသည် ဖရဲစေ့ကိုစားပြီး လော့ပါပါးနှင့်အတူ ရှေ့ဆုံးမှ ရပ်တည်ပေးလိုက်သည်။ "သူမ ပွဲဦးထွက်လုပ်ရင်တောင် ငါတို့က သူမကို support မှာမဟုတ်ဘူး"
ကုမျန် သူတို့ကို အံ့သြတကြီး ကြည့်လိုက်မိသည်။ ရွှယ်ကွေ့၀မ်အပေါ်  လော့မိဘတွေ ဤကဲ့သို့သော ဆိုးရွားသည့်အထင်အမြင်ရှိနေသည်က ဝတ္ထုထဲက အဖြစ်အပျက်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ သို့သော်ငြား သူမကို အရမ်းကာကွယ်ပေးနေသည်ကို မြင်လိုက်ရတော့ သူမနှလုံးသားထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရ၏။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now