သူသည် မိသားစုနောက်ခံကိုဂရုမစိုက်ဘဲ တစ်ဖက်သား၏အကျင့်စရိုက်ကိုသာ ဂရုစိုက်သည်။ သူ့သမီးကို ကောင်းကောင်းဆက်ဆံပြီး သူ့သမီးကလည်း သူ့ကိုသဘောကျနေသရွေ့ လုံလောက်ပြီပင်။
စားသောက်နေစဉ်အတွင်း လော့ချယ်၏စွမ်းဆောင်မှုမှာ အမှားမရှိဟု ဆိုနိုင်သည်။
လော့ချယ် ကုကော်အန်းနှင့် စကားကောင်းကောင်းပြောဖြစ်ခဲ့၏။ ကျင့်ဝတ်အရတော့ သူ(ကုကော်အန်း)သည် အပြစ်ပြောစရာမရှိဘဲ သူ့သမီးကိုလည်း ကောင်းကောင်းဆက်ဆံတတ်သူဖြစ်သည်။ထို့ကြောင့် သူ ကုကော်အန်းကို သဘောကျသည်။
သာမန်အိမ်လေးမှာ မွေးဖွားလာသော်လည်း မဟုတ်သေး၊ သာမာန်ပင်မဟုတ်၊ အလွန်ဆင်းရဲ၏။ ဤသည်က လော့ချယ်ကိုယ်တိုင်ဆုံးဖြတ်နိုင်သည့် အရာမဟုတ်သလို ကုကော်အန်းကလည်း ဂရုမစိုက်ပါချေ။
ညစာစားပြီးသောအခါ၊ ကုကော်အန်းသည် ကုမ္ပဏီကိစ္စများကို ကိုင်တွယ်ရန် ထွက်သွားခဲ့သည်။
နိုင်ငံအတွင်းရှိ ထိပ်တန်းကုမ္ပဏီ 500 ထဲမှ တစ်ခုဖြစ်သော ကုမ္ပဏီCEOအနေဖြင့် ကုကော်အန်းသည် အလွန်အလုပ်များပြီး အလုပ်ညစာများစွာကိုလည်း လုပ်ရသည်လေ။
ထို့ကြောင့် သူ ညစာစားပြီး ထွက်သွားတော့ လော့ချယ်ကိုပါ ခေါ်သွားခဲ့၏။
လော့ချယ်ကို အိမ်မှာထားခဲ့ရခြင်းက သူ့ကို တကယ်ကြီး အနည်းငယ်စိတ်ပူစေသည်။
ကုမျန်သည် ရေချိုးပြီးနောက် အချိန်ကို တစ်ချက်ကြည့်လိုက်သည်။ ညစာစားပြီး တစ်နာရီကျော်ကျော်လောက် ကြာသွားပြီပင် ။ လော့ချယ် ကားမောင်းနေတော့မည်မဟုတ်သောကြောင့် သူမ တချက်စဉ်းစားပြီး လော့ချယ်ဆီ ဖုန်းခေါ်လိုက်၏။
ဖုန်းနှစ်ခါသုံးခါမြည်ပြီးနောက် လော့ချယ်ဖုန်းကိုင်သည်။
"မျန်းမျန်"
ဖုန်း၏မိုက်ခရိုဖုန်းမှတစ်ဆင့် လော့ချယ်၏အသံသည် ပုံမှန်ထက်ပို၍ နား၀င်ပီယံရှိဟန်ပေါ်သည်။
ကုမျန်သည် ဒူးတ၀ိုက်ပေါ်လက်တင်၍ ကုတင်ပေါ်တွင် ထိုင်လိုက်ပြီး ဖုန်းကို တခြားလက်တစ်ဖက်ဖြင့် ကိုင်ထားသည်။
YOU ARE READING
ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်
RandomStatus in COO : 253 chapters (complete)