Chapter 163

743 91 0
                                    


နောက်တစ်နေ့တွင် လော့ချယ်နှင့် ကုမျန်တို့သည် ရိုက်ကူးရေးအဖွဲ့ကို ထွက်ခွာခွင့်တောင်းလိုက်သည်။

လော့ချယ်၏မိဘအိမ်သို့ သူတို့နှစ်ဦးရောက်သောအခါ နေ့လည်စာစားရန် စောနေသေးသည်။

လော့ချယ်က သူ့အမေကို မီးဖိုချောင်ထဲ၌ ကူညီပေးခဲ့ပြီး ကုမျန်ကတော့ သူမ၏ပရိတ်သတ် လော့ချန်နှင့် ဧည့်ခန်းထဲတွင် စကားပြောနေခဲ့သည်။

လော့ချယ် သူ့အမေ၏ဆံပင်ဖြူတွေကို ကြည့်လိုက်မိသည်။ သူ မေးချင်တာတွေ အများကြီးရှိသော်လည်း ဘယ်ကနေစရမှန်းမသိချေ။

ဤနှစ်ဆယ့်နှစ်နှစ်ကြာ ပြုစုပျိုးထောင်ပေးခဲ့သည့် ကျေးဇူးသည် အတုအယောင်မဟုတ်ပေ။

သို့သော် သူတို့နှင့်သူ၏ဆက်ဆံရေးက မှားယွင်းနေနိုင်ခြေ များ၏။

လော့ချယ်သည် မနေ့ညက ဟောင်ကောင်မြို့ရှိ ချန်းမိသားစုအကြောင်းနှင့်ပတ်သက်သည့် အချက်အလက်များကို ရှာဖွေခဲ့သည်။
စုံစမ်းကြည့်သောအခါတွင် သူသည် အတိတ်က သူနားမလည်ခဲ့သည့် အရာများစွာကို တွေ့ရှိခဲ့ရသည်။

Mr. ချန်း၏မြေးမွေးဖွားပြီး မကြာမီ ၎င်း၏သားအငယ်ဆုံးနှင့်ချွေးမတို့သည် လေယာဉ်ပျက်ကျ၍ သေဆုံးသွားခဲ့သည်။
ထိုအချိန်တုန်းက ဒုက္ခများစွာရောက်ခဲ့သည်ပင်။ ချန်းချီချန်သည် မစ္စတာချန်းတွင်ကျန်ရှိသည့် တစ်ဦးတည်းသောသားဖြစ်သောကြောင့် သတင်းစာများစွာက ထိုသတင်းကို ရေးသားဖော်ပြခဲ့ကြသည်။
တစ်နှစ်ကျော်ကြာပြီးနောက် မစ္စတာချန်း၏မြေးကို မိသားစု၏ ကလေးထိန်းဖြစ်သူက မလိုမုန်းထားစွာဖြင့် အဝေးခေါ်ဆောင်သွားပြန်သည်။

ဤကိစ္စသည်လည်း အလွန်တရာပင် လူသိများခဲ့သည်။

အင်တာနက်ပေါ်တွင် ကြုံရာကျပန်းရှာဖွေလိုက်ရုံဖြင့် မရေမတွက်နိုင်သော အချက်အလက်များကို တွေ့ရှိနိုင်သည်။ ထိုနှစ်နှစ်အတွင်း အဘိုးအိုမည်မျှခံစားခဲ့ရသည်ကို စိတ်ကူးကြည့်ရန် မခက်ပေ။

လော့ချယ် သူမအား အမြဲလိုလိုနီးပါးစိုက်ကြည့်နေသည်ကို ကျန်းရော့သတိပြုမိပြီး သူမ၏ အရေးအကြောင်းများပြည့်‌နေသော မျက်နှာပေါ်တွင် နူးညံ့သိမ်မွေ့သောအပြုံးတစ်ခု ပေါ်လာသည်။ "ဒီကလေး၊ ဒီနေ့ ဘာလို့ အမေ့ကို စိုက်ကြည့်နေရတာလဲ"
လော့ချယ်က ခေါင်းငုံ့၍ ပြုံးလိုက်သည်။ "ဘာမှမဟုတ်ဘူး မေမေ ဒီနေ့အရမ်းလှနေတယ်လို့ ကျွန်တော်ထင်လို့လေ"
ကျန်းရော့ အံ့အားသင့်သွားသည် ။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now