Unicode
ဓာတ်ပုံတွေရိုက်ပြီးနောက် ဓာတ်ပုံဆရာက အမျိုးသားဆယ်လီဘရစ်တီ ၊ အမျိုးသမီးဆယ်လီဘရစ်တီနဲ့အတူ အော်တစ်ဇင်ကလေးငယ်တို့ရဲ့ အုပ်စုဓာတ်ပုံကိုလည်း ရိုက်ယူမယ်လို့ ပြောလာတယ်။
ထိုနေ့ ပြည်သူလူထုအသိပညာပေးဓာတ်ပုံတွေ ရိုက်ကူးရာမှာ စုစုပေါင်း အနုပညာရှင် ခြောက်ဦး ပါဝင်ပြီး အမျိုးသားသုံးဦးနဲ့ အမျိုးသမီး သုံးဦးရှိတယ်။
ကုမျန်နဲ့လော့ချယ်တို့ တစ်ဖွဲ့တည်းထပ်ကျတာက တိုက်ဆိုင်တာ ဖြစ်နိုင်တယ်။
ရိုက်ကူးနေစဉ်မှာ ၀မ့်ရှင်းယွမ်က သူတို့ကြားထိုင်ပြီး ခေါင်းငိုက်စိုက်ချထားကာ သူ့ကမ္ဘာလေးထဲ နှစ်မြုပ်နေတယ်။ ကုမျန်က ဘယ်ဘက်မှာထိုင်ပြီး သူ့လက်တစ်ဖက်ကို ကိုင်ထားတယ်။ သူမက အနည်းငယ်ငုံ့ထားကာ စိုးရိမ်စိတ်နဲ့ သူ့ကိုကြည့်နေပြီး ညာဘက်မှလော့ချယ်က သူ့ခေါင်းကို ပေါ့ပေါ့ပါးပါးထိတွေ့နေတယ်။
ဓာတ်ပုံဆရာက အော်တစ်ဇင်ကလေးတွေကို သူတို့ရဲ့မိဘတွေက ပိုမိုဂရုစိုက်ဖို့လိုအပ်တယ်ဆိုတဲ့ အတွေးကို အင်တာနက်သုံးစွဲသူတွေကို မျှဝေဖို့အတွက် ဒီပရိုမိုရှင်းဓာတ်ပုံကို ရိုက်ကူးချင်ခဲ့တာပင်။ အချို့မိဘတွေက သူတို့ကလေးတွေ အော်တစ်ဇင်ဖြစ်နေတာကြောင့် လက်မလျှော့ကြဖို့ သူတို့မျှော်လင့်တယ်။
အော်တစ်ဇင်တွေအတွက် ကုသဆေးမရှိပါဘူး။
ဒါပေမယ့် အော်တစ်ဇင်ကလေးတွေတောင်မှ အလုပ်ကြိုးစားပြီးနောက် အနာဂတ်မှာ အလွန်အမင်းမြင့်မားတဲ့ အောင်မြင်မှုတွေရရှိဖို့ အလားအလာရှိတယ်။
မိဘတွေ သားသမီးတွေကို စွန့်လွှတ်လိုက်တာက ဒီဖြစ်နိုင်ခြေကို စွန့်လွှတ်လိုက်တာနဲ့ ညီမျှပါတယ်။
ဒါက အရမ်းဝမ်းနည်းစရာကောင်းတဲ့ အရာတစ်ခုပဲ။
ကင်မရာသံ အဆက်မပြတ် မြည်နေတာနဲ့အမျှ ဓာတ်ပုံဆရာဆီကနေ "အိုခေ၊ အိုခေ၊ ကောင်းတယ်၊ အဲ့ဒါကောင်းတယ်"ဆိုတဲ့စကားကို မကြာခဏကြားရတယ်။
ရိုက်ကူးရေးက အရမ်းကိုချောမွေ့နေတယ်။
အဲ့ဒီလူထုအသိပညာပေးဓာတ်ပုံတွေကို ရိုက်ကူးပြီး ၎င်းတို့ကို ပြန်လည်ပြုပြင်ပြီးနောက် Weibo မှာ တင်မှာဖြစ်တယ်။
YOU ARE READING
ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်
RandomStatus in COO : 253 chapters (complete)