မြင်းစီးသမားနှစ်ယောက်သည် မည်သူက ပိုအစွမ်းထက်သည်ကိုသိရရန် မြင်းပြိုင်ကွင်းတွင် အသေအကျေယှဥ်ပြိုင်ခဲ့ကြသည်။
လော့ချယ်နှင့်ချန်းကျစ်တို့ ချွေးတွေနှင့်အတူ သူမဆီလျှောက်လာရန် အချိန်အတော်ကြာသွားသည်။သိသိသာသာပင် အအေးစိမ့်ဆုံးသော ဆောင်းရာသီဖြစ်သော်လည်း သူတို့ နှစ်ယောက်သည် နွေရာသီတွင်ရှိနေသကဲ့သို့ ချွေးပြိုက်ပြိုက်ကျနေခဲ့ကြ၏။
ကုမျန်သည် အစပိုင်းက သူမပြင်ဆင်ထားသည့် အဖြူရောင်မျက်နှာသုတ်ပုဝါကို လော့ချယ်အားပေးလိုက်ပြီး သူ့မျက်နှာပေါ်မှ ချွေးများကိုသုတ်ရန် တောင်းဆိုလိုက်၏။
ချန်းကျစ်ကိုတော့ သူ့လက်ထောက်က မျက်နှာသုတ်ပုဝါပေးလိမ့်မည်ပင်။
နှစ်ယောက်သားသည် အဝတ်အစားလဲရန် အဝတ်လဲခန်းသို့ တိတ်တဆိတ်သွားလိုက်ကြသည်။
လော့ချယ် အဝတ်အစားတွေလဲပြီး ထွက်လာသည့်အချိန်ထိ ချန်းကျစ်က မထွက်လာသေးချေ။
လော့ချယ်သည် အနက်ရောင်ကုတ်အင်္ကျီရှည်ကို ပြန်လည်၀တ်ဆင်ထားပြီး ကုမျန်၏လက်ကို တိုက်ရိုက်ဆုပ်ကိုင်၍ "ပြန်ကြရအောင်"
ပြန်ကြမယ်လား။
ကုမျန် ထိုသို့တွေးပြီး မေးလိုက်၏။
လော့ချယ်၏နှုတ်ခမ်းထောင့်စွန်းများက အနည်းငယ်မြင့်တက်သွားပြီး အသံတီးတိုးပြုလိုက်သည်။သူ ထိုပွဲတွင် အနိုင်ရခဲ့မှန်း ကုမျန်သိလိုက်သည်။မဟုတ်ပါက သူ့အမူအရာသည် ဂုဏ်ယူ၀င့်ကြွားနေမည်မဟုတ်ချေ။
လော့ချယ်၏ခံစားချက်များက အစောပိုင်းကထက် အနည်းငယ် ပိုကောင်းမွန်နေသည်လေ။ ချန်းကျစ်ကို အနိုင်ရခြင်းမျိုးက သူ့အတွက် မထူးဆန်းတော့ပါချေ။(ကုမျန်ရှိတော့ သူကံကောင်းလို့ အမြဲနိုင်နေမှာလေ အဲ့တော့ မထူးဆန်းဘူးလို့ ပြောချင်တာပါ)
ကားပေါ်တက်ပြီးနောက်၊ ကုမျန်သည် သူ သူမ၏လက်ကောက်ဝတ်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည့် မြင်ကွင်းအား မှတ်မိနေဆဲပင်။
အဲဒီအချိန်တုန်းက သူ စိတ်ဆိုးနေတာ၊ ဟုတ်တယ်မလား။
ဒါဆို သူမ တွေးနေတဲ့အကြောင်းပြချက်ကြောင့်ပဲ သူဒေါသထွက်နေတာလား ?
ကုမျန်က "ချန်းကျစ် သူ့အဘိုးရဲ့ မြင်းပြိုင်ကွင်းကို မိတ်ဆက်ပေးတုန်းက ရှင် စိတ်ဆိုးနေတာလား"
YOU ARE READING
ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်
RandomStatus in COO : 253 chapters (complete)