Chapter 113

1.2K 148 0
                                    

Unicode

ဒါပေမယ့် ရောက်လာပြီးမှတော့ သူတို့စမ်းစားကြည့်သင့်တာပေါ့။ ဒရိုက်ဘာကပဲ သွားမှာပြီး ယူလာတာဆိုတော့ ဘာမှမဖြစ်လောက်ပါဘူး။

ဒါနဲ့ပဲ အုပ်စုလိုက် ကားထဲမှာပဲ စားလိုက်ကြတယ်။ လူအများရှေ့မှာတော့ သူမပြောချင်တဲ့ စကားတွေက ပြောလို့မသင့်တော်ဘူးဖြစ်နေတယ်။

သူမ လော့ချယ်ကို နောက်နေ့ထပ်ဖိတ်ရမယ်ထင်တယ်။

နေ့လယ်စာစားပြီးတော့ လော့ချယ် ကုမျန်ကို အိမ်တခါးဝထိ လိုက်ပို့ခဲ့တယ်။

ကားပေါ်ကမဆင်းခင် ကုမျန်က လော့ချယ်ကို ပြောလိုက်တယ်။

"မနက်ဖြန်ကြရင် ထမင်းအတူတူစားရအောင် ပြောစရာလေးရှိလို့"

လော့ချယ် ခဏတော့အံ့ဩသွားပေမယ့် သူပြုံးပြီး ပြန်ပြောလိုက်တယ်။

"ဟုတ်ပြီ ဒါဆို ကိုယ် မင်းကိုလာခေါ်မယ်လေ"

လော့ကျစ်ယွီ အသံတစ်ချက်ပေးလိုက်တယ်။
ကုမျန်ကားပေါ်ကဆင်းသွားတော့ သူ ချက်ချင်း သူမအသံအတိုင်း လိုက်တုပြီးပြောလာတယ်။

"ကျစ် ကျစ် ကျစ် ကျွန်မမှာပြောစရာလေးရှိလို့တဲ့"

လော့ချယ် ခေါင်းကိုက်စွာနဲ့ပဲ သူ့မျက်ခုံးသူ ပြန်ပွတ်လိုက်တယ်။ သူ့ဝမ်းကွဲက တစ်နေ့တခြားပို,ပို ပြီး ထိန်းမရဖြစ်လာတာပဲ။

"လော့ကျစ်ယွီ လွန်မလာနဲ့"

လော့ကျစ်ယွီ ပြန်မေးလိုက်တယ်။

"ဘာလို့လဲ ဒီက‌ ဆင်ဂယ်ခွေး‌လေးကို သူ့ဘာသာသူ နေခွင့်မပေးနိုင်ဘူးလား"

လော့ကျစ်ယွီရဲ့သိသာနေတဲ့လုပ်ရပ်တွေက သူနဲ့ ထန်ရှောင်းလီပြတ်သွားပြီဆိုတာ ပြနေပေမယ့် လော့ချယ် သူ့နားနဲ့တိုက်ရိုက်ကြားလိုက်ရတော့ နည်းနည်းအံ့ဩသွားမိတယ်။

တကယ်လို့ ရည်းစားနဲ့ပြတ်သွားလို့ လော့ကျစ်ယွီ အခုလိုဖြစ်နေတာဆိုရင် သူနားလည်ပေးလို့ရပါတယ်။

" အစ်မရှောင်းလီနဲ့ ဘယ်တုန်းကပြတ်သွားတာလဲ"

လော့ကျစ်ယွီ ခဏလောက်ငြိမ်ကြသွားတယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now