Chapter 178

976 128 0
                                    

Chapter 178

အဓိကဇာတ်ဆောင် ပေါ်လာပြီးသောအခါ Mr.ချန်းက လော့ချယ်ကိုချက်ချင်းခေါ်၍ ခန်းမထဲရှိ စင်မြင့်ပေါ်တွင် ရပ်လိုက်သည်။

ပရိသတ်က တိတ်တဆိတ်နားလည်မှုဖြင့် ကျယ်ကျယ်လောင်လောင် စကားပြောဆိုနေကြခြင်းကို ရပ်တန့်လိုက်ကြသည်။ သူတို့က တီးတိုးပြောခြင်း သို့မဟုတ် ရိုးရိုးရှင်းရှင်း စကားပြောရပ်တန့်လိုက်ခြင်းသို့ ပြောင်းလဲသွားကြသည်။

တော်တော်များများက စင်မြင့်ပေါ်ရှိ Mr.ချန်းနှင့် သူ့အနီးရှိ လူငယ်လေးကို ကြည့်လိုက်ကြပြီး ထိုလူငယ်၏အမည်ကို ခန့်မှန်းနေကြသည်။

Mr.ချန်းသည် မိုက်ခရိုဖုန်းကိုကိုင်၍ ပရိသတ်ထဲရှိ ရင်းနှီးနေသော မျက်နှာများကို ကြည့်လိုက်ပြီး အပြုံးတစ်ပွင့်ဖြင့် "ဒီပွဲကို ဘာလို့ ရုတ်တရက်ကြီး ကျင်းပရတာလဲလို့ ခင်ဗျားတို့အံ့သြသွားကြမှာပဲ အရမ်းထူးဆန်းနေတယ်လေ ဒီပွဲက ဘာအတွက်လဲဆိုပြီး"

ဤပွဲကိုကျင်းပရန် နောက်ဆုံးအခိုက်အတန့်မှသာ  ဆုံးဖြတ်ခဲ့ခြင်းဖြစ်၏။ အရေးကြီးသည့်ပွဲများအတွက် တစ်လကြိုတင်အကြောင်းကြားရန် လိုအပ်သည်ဆိုသည့် အကြောင်းပြချက်ရှိလေသည်။

သူတို့အားလုံးသည် ပုံမှန်အားဖြင့် နိုင်ငံခြားတွင် အစည်းအဝေးများ လုပ်လေ့ရှိပြီး ဟောင်ကောင်၌ သိပ်ကြာကြာမနေတတ်ကြဘဲ အလုပ်များကြသည့်သူတွေပင်။ တစ်ယောက်ယောက်က ကြိုတင်အသိမပေးထားလျှင် လူတော်တော်များများက ပွဲအတွက် အချိန်ပေးနိုင်ကြလောက်မည်မဟုတ်ပေ။

သို့သော် ညစာစားပွဲအကြောင်းကို နောက်ဆုံးအခိုက်အတန့်မှသာ အသိပေးခဲ့သော်လည်း တက်ရောက်မှုနှုန်းသည် Mr.ချန်းအား အနည်းငယ်ကျေနပ်စေဆဲပင်။

လူတော်တော်များများက ဤနေ့ညစာစားပွဲသို့ အလျင်စလိုလာခဲ့ကြသည်ဟုပင် ဆိုနိုင်၏။

မီဒီယာများအတွက်ကတော့ သူတို့သည် နေရာယူထားကြပြီးသားဖြစ်သည်။

ပရိတ်သတ်ထဲရှိ အဘိုးအိုချန်းနှင့် ဆယ်စုနှစ်များစွာကြာအောင် သိကျွမ်းခဲ့သော အဘိုးအိုတစ်ဦးက အော်လာသည်။"ဟုတ်တယ်၊ ကျုပ်တော့ အရမ်းသိချင်နေပြီ ဒါနဲ့ ခင်ဗျား ဒီနေ့ ကျုပ်တို့အားလုံးကို ဘာလို့ ဖိတ်တာလဲ"

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now