Unicode
မြေခွေးလေးက လိမ္မာရေးခြားရှိပြီး ဉာဏ်ရည်ထက်မြက်တယ်။ သူလေးက ကုမျန်ရဲ့အလုပ်နဲ့ ပူးပေါင်းဆောင်ရွက်နိုင်တာကြောင့် ပထမနေ့ရဲ့အလုပ်က လျင်မြန်စွာပြီးဆုံးသွားခဲ့တယ်။
ကုမျန်ပြန်ရောက်သွားတဲ့အခါ၊ ဒါရိုက်တာက သူမကို မိတ်ကပ်ဓာတ်ပုံတွေကို တရားဝင်ဘလော့ဂ်မှာ တင်ထားပြီးပြီဆိုတာနဲ့ တုံ့ပြန်မှုကိုပြန်ကြည့်ဖို့ တောင်းဆိုခဲ့တယ်။
ပထမဆုံးနေ့မှာလုပ်ရတဲ့ လေးလံတဲ့အလုပ်ပမာဏက ကုမျန်ကိုပင်ပန်းစေတယ်။ သူမက သူမနေတဲ့နေရာကို ပြန်သွားပြီးနောက် ရေချိုးပြီး အိပ်ယာဝင်ခဲ့တယ်။ ခေါင်းအုံးကို ထိလိုက်တာနဲ့ ဒါရိုက်တာဘာပြောထားလဲဆိုတာကို မေ့သွားခဲ့ပြီး အိပ်မောကျသွားတော့တယ်။ နောက်တစ်နေ့မှာ ရှောင်ကျူးရဲ့အသံကြောင့် အိပ်မောကျနေရာကနေ ရုတ်တရက်နိုးလာတယ်။
ကုမျန်က စိတ်လွတ်စွာနဲ့ မျက်တောင်ခတ်လိုက်တယ်။သူမ
နှေးကွေးစွာမထခင်မှာ နိုးကြားသွားဖို့အတွက် သုံး၊လေးစက္ကန့်လောက် အချိန်ယူလိုက်ရပြီးမှ ရှောင်ကျူးကို တံခါးသွားဖွင့်ပေးလိုက်ရတယ်။တံခါးဖွင့်လိုက်တာနဲ့ ရှောင်ကျူးက လေပွေလိုပြေး၀င်လာပြီး ပြာယာခတ်ကျယ်လောင်နေတဲ့အသံနဲ့ ပြောလာတယ်။"မျန်းမျန် Weibo မှာ အခုဒုက္ခတွေပြည့်နှက်နေပြီ!"
ကုမျန်က မျက်လုံးတွေကို ပွတ်သပ်ရင်း ကြောင်သွားတယ်။"ဘာဖြစ်လို့လဲ"
"ဝိုး၊ နင့်ရဲ့မိတ်ကပ်ဓာတ်ပုံတွေကို မနေ့က တရားဝင်ဘလော့ဂ်မှာ မတင်ခဲ့ဖူးလား အဲဒီ့နောက် ညကျတော့ ၀မ့်ရှားက အင်တာဗျူးတစ်ခုဖြေခဲ့တယ်လေ သတင်းထောက်တစ်ယောက်က သူမကို လက်လွှတ်လိုက်တာပဲဖြစ်ဖြစ်၊ လုယက်ခံရတာပဲဖြစ်ဖြစ်၊ ဇာတ်ကောင်တွေ ရုတ်တရက်ပြောင်းသွားတာကို ဘယ်လိုတွေးလဲဆိုပြီး မေးလိုက်တယ် သူမခေါင်းခါပြီး သူမက နင့်လောက်မတော်ဘူး ၊ ဒီဇာတ်ကောင်အတွက် နင်က သူမထက် ပိုသင့်တော်တယ်လို့ ပြောခဲ့တယ် ဒါပေမယ့် အဲဒီတုံ့ပြန်မှုက သူမကို နင်အနိုင်ကျင့်ခဲ့ပြီး သူမက အမှန်တရားကိုတောင် မပြောဝံ့တော့ဘူးလို့ သူမရဲ့ ပရိသတ်တွေကို ထင်စေတယ်လေ သူတို့က မကျေမနပ်ဖြစ်နေတယ် ဘယ်လိုဖြစ်ဖြစ် သူမက အခုလောလောဆယ်မှာ ရေပန်းစားတဲ့ မင်းသမီးတစ်ယောက်ဖြစ်နေပြီလေ နင်ကတော့ အသစ်လေးပဲရှိသေးတယ် သူမက နင့်ထက် ဘယ်လိုညံ့နိုင်ပါ့မလဲ ဒါကြောင့်လည်း သူမရဲ့ ပရိသတ်တွေက သူမအတွက် အခုတိုက်ပွဲဝင်နေကြပြီ နင့်ရဲ့ Weiboကိုကြည့်ဦး!"
YOU ARE READING
ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်
RandomStatus in COO : 253 chapters (complete)