Chapter 155

456 77 1
                                    


နှစ်ရက်အကြာတွင် ကုမျန်နှင့် လော့ချန်သည် "Peach" ရိုက်ကူးရေးအဖွဲ့နှင့် ပူးပေါင်းခဲ့သည်။

“Peach” သည် ချိုမြိန်မှုအပြည့်ရှိသော လူငယ်ကျောင်းသားဒရာမာဇာတ်ကားဖြစ်သည်။ အမျိုးသားနှင့်အမျိုးသမီးခေါင်းဆောင်ကြားတွင် နားလည်မှုလွဲခြင်းမရှိ၊ တတိယလူလည်းမရှိပေ။ ဤကျောင်းသားဒရာမာတွင် ငယ်ရွယ်မှုတို့ ပြည့်နှက်‌နေသည့် လူငယ်များက သူတို့၏အိပ်မက်များကို လိုက်ဖမ်းခြင်းသာပါ၀င်သည်။ .

ဇာတ်ညွှန်းအစတွင် အမျိုးသားဇာတ်ဆောင်နှင့် အမျိုးသမီးဇာတ်ဆောင်၌ အနမ်းဇာတ်ကွက်မရှိသော်လည်း လော့ချယ်နှင့် ကုမျန်တို့၏ဆက်ဆံရေးကို ထုတ်ဖော်ပြီးနောက်၊ ဇာတ်ညွှန်းရေးဆရာသည် ဇာတ်ညွှန်းထဲတွင် မရေမတွက်နိုင်သော အနမ်းဇာတ်ကွက်များကို ထည့်သွင်းခဲ့သည်။ အပိုင်းတိုင်း၌ အနမ်းဇာတ်ကွက်များပါ၀င်နေသည်ဟုပင် ဆိုနိုင်သည်။

ဇာတ်ညွှန်းရေးဆရာက အိပ်ရာ၀င်ဇာတ်ကွက်များပင် ကမန်းကတန်း ထည့်ချင်နေသေး၏။

ခေါင်းဆောင်သရုပ်ဆောင် နှစ်ဦးရောက်လာပြီးနောက် ဒါရိုက်တာယွီဝေ့က ၎င်းနှင့်ပတ်သက်၍ သူတို့နှစ်ဦးနှင့် ဆွေးနွေးခဲ့သည်။"ဇာတ်ညွှန်းရေးဆရာက အိပ်ရာ၀င်ဇာတ်ကွက် ထည့်ချင်နေတယ် ငါလည်းပဲ ထည့်ချင်တယ် မင်းတို့ဘယ်လိုထင်လဲ"

ယခင်က လော့ချယ်ရိုက်ကူးခဲ့သည့် ဒရာမာများအားလုံးတွင် အနမ်းဇာတ်ကွက်မပြောနှင့်၊ အမျိုးသမီး ဇာတ်ဆောင်နှင့်လက်ကိုင်သည့် ဇာတ်ကွက်ပင် မရှိလုနီးပါးပေ။ သူတို့၏ အချစ်ရေးမှာ လူသိရှင်ကြား ထုတ်ဖော်ထားပြီဖြစ်သော်လည်း ဖျော်ဖြေရေးနယ်ပယ်တွင် အချစ်ရေးကိစ္စကဲ့သို့သော အရာများသည် ထိခိုက်လွယ်လွန်းသောကြောင့်၊ သူတို့၏ထင်မြင်ယူဆချက်ကို မေးရန် လိုအပ်နေသေးသည်ဟု သူခံစားရ၏။

လော့ချယ်သည် တခဏမျှတော့ စကားမပြောလာချေ။

ကုမျန် ခဏလောက်စဉ်းစားလိုက်ပြီး "မထည့်တော့ဘူး"

ဒါရိုက်တာက အိပ်ရာဝင်ဇာတ်ကွက်တွေကို ရိုက်ကူးရန် မည်ကဲ့သို့သတ္တိရှိသွားမှန်း သူမ,မသိပေ။ အတိုချုံးပြောရလျှင် သူမသည် သူမ၏နာမည်ကျော်ကြားမှုကို အချိန်မရွေး လျော့ပါးသွားစေချင်နေသည့် ကြယ်ပွင့်တစ်ယောက်ပင်။ သရုပ်ဆောင်ရာ၌ သူမကိုယ်သူမ နစ်မြုပ်ထားရန် အစီအစဉ်မရှိပါချေ။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now