Chapter 107

1.3K 157 1
                                    

Unicode

"ရှင်ရော လာစားတာလား" ကျင်းကျန်းကျူထွက်သွားပြီးနောက်မှာ ကုမျန်က မေးဖို့အခွင့်အရေးရခဲ့တယ်။

ချန်းကျစ်က ပြန်မဖြေခင် ခဏလောက်စဉ်းစားလိုက်သေးတယ်။"မဟုတ်ဘူး၊ ဒီဆုံလည်စားသောက်ဆိုင်မှာ ကျွန်တော့်ရှယ်ယာတွေရှိလို့"

ကုမျန် သဘောပေါက်သွားတယ်။ "ဒါဆို ရှယ်ယာရှင်တစ်ယောက်အနေနဲ့ စစ်ဆေးနေတာလား"

ချန်းကျစ်က နှစ်ခါရယ်မောလိုက်တယ်။ "အဲ့လိုမျိုးပါပဲ"

ကုမျန်နဲ့ချန်းကျစ်တို့က တစ်ယောက်နဲ့တစ်ယောက် မရင်းနှီးကြဘူး။ သူတို့နှစ်ယောက်က နှစ်ကြိမ်တွေ့ဆုံခဲ့ပြီးဖြစ်ပေမယ့် သူငယ်ချင်းတွေတော့ မဖြစ်ကြသေးဘူး။ ဒါကြောင့် ဘာမှပြောစရာမရှိနေပေ။

သူက သူမကို နှစ်ခါလောက် ကူညီခဲ့ပြီးပြီမို့ "ကျွန်မ ရှင့်ကို ညစာစားဖို့အတွက် ဖိတ်ခေါ်ဖို့ အခွင့်အရေးရပြီပေါ့"

ချန်းကျစ်က ဒါကို တက်တက်ကြွကြွ လက်ခံခဲ့တယ်။ "ကောင်းပါပြီဗျာ မင်းမှာ ဒီနေ့တော့ ချိန်းထားတာရှိတာမို့ မနက်ဖြန် သွားရအောင်လေ မနက်ဖြန် မင်း အားလား"

ဟောင်ကောင်မြို့ကလူတွေက ဒီလိုမျိုး လွတ်လွတ်လပ်လပ် ပြုမူကြတာလား။

အခုလည်း အဲဒီလူက အဲဒီလိုပြောတော့ ကုမျန်ခမျာ ခေါင်းညိတ်ပြရုံသာ တတ်နိုင်တယ်။ “အားပါတယ်”

"ကောင်းပြီ ဒါဆို မနက်ဖြန်တွေ့မယ် မျန်းမျန်"

နောက်ဆုံးစကားနှစ်ခွန်းပြောနေစဉ်မှာ ချန်းကျစ်ရဲ့မျက်နှာပေါ်  တောက်ပတဲ့အပြုံးတစ်ပွင့် ပေါ်လာတယ်။ "မနက်ဖြန်တွေ့မယ်"

ချန်းကျစ်ထွက်သွားပြီးနောက် ခန်ယန်ယန်က အတင်းအဖျင်းတွေပြည့်နှက်နေတဲ့ စိတ်နဲ့ မေးမြန်းတော့တယ်။"ဒီလူချောလေးက ဘယ်သူလဲ၊ သူက အရမ်းချမ်းသာတဲ့ ဒုတိယမျိုးဆက်လို့ ခံစားရတယ်"

ချန်းကျစ်က သူမအပေါ် သက်ရောက်မှု အရမ်းကြီးမားသွားတာကြောင့် သူမက ၎င်းကိုပဲ အစွဲအလမ်းကြီးနေပြီး ကုမျန်ကို သူမရဲ့အမေအကြောင်းမေးဖို့ မေ့သွားတော့တယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now