“ငါက တကယ်ပဲကစားသမားတစ်ယောက်ပါ………
မင်း ငါ့ရဲ့တည်ရှိမှုကို ဘာလို့မသိတာလဲဆိုတော့ ကြားဖြတ်ဂိမ်းတွေမှာ တရားဝင်ကိုယ်စားလှယ်ကစားသမားတွေက အထူးအခွင့်အရေးရတယ်……………..
ငါတို့က ယာယီအန်ပီစီပုံစံကို ရွေးချယ်လို့ရတယ်………..ပထမဆုံး ၅ ရက်က လုံခြုံရေးကာလပဲ”
ကျန်းမင်မှာ ကျယ်လောင်စွာဖြင့် ရှင်းပြလိုက်၏။
ထိုစကားများကိုကြားသောအခါ ဖူအန်မှာ တစ်ချက်သရော်လိုက်ကာ……….
“တရားဝင်ကိုယ်စားလှယ်ဆိုတာ ဘယ်လိုသိနိုင်မှာတုန်း?.............
ကျွန်မက လှည့်စားဖို့လွယ်တယ်လို့များ တွေးနေတာလား?.......အန်ပီစီလိုမျိုး အပေါ်ယံဟန်ဆောင်နေသေးတယ်………
ကျွန်မက တရားဝင်ကိုယ်စားလှယ်တွေအကြောင်းမသိဘူးထင်နေတာလား…………….သူတို့တွေက ဒီလိုမျိုးမဟုတ်ဘူး…”
“ဘာလို့လဲဆိုတော့ ကိုယ်စားလှယ်ရဲ့အထူးအခွင့်အရေးက ဂိမ်းရဲ့တတိယအဆင့်ကျမှ ပွင့်တာမို့လို့ပါ………..
နံပါတ် ၆၆၈၃ အပြာရောင်ကြယ်က ခုမှ ဂိမ်းရဲ့ဒုတိယအဆင့်ပဲရှိသေးတဲ့ဟာ………….ဘယ်လိုဖြစ်ပြီး ဒါပွင့်နိုင်ပါ့မလဲ..”
သူမက တကယ်ပဲ ဂိမ်းရဲ့ဒုတိယအဆင့်မှာ ကိုယ်စားလှယ်ကစားသမားဖြစ်သွားတဲ့ကစားသမားတစ်ယောက်ကို သိတယ်ပေါ့…………
ဒါက အကြို အက်စ်အဆင့်ဖြစ်ရမယ်……….
အဆုံးမရှိတဲ့စွမ်းရည်တွေနဲ့ဘော့စ်တွေ…………ဒီလိုဘော့စ်အကြီးစားမျိုးကိုသိတဲ့လူတစ်ယောက်အနေနဲ့ ဘယ်လိုအားနည်းနိုင်မှာတုန်း……
သူ့ကိုသတ်ဖို့ကြိုးစားမိတာ……………ငါဘာလို့ ဒီလောက်ကံဆိုးရတာလဲ……….
“နင်ဘာလို့ငါ့ကိုအရင်မလွှတ်တာလဲ………ငါသက်သေပြပေးလို့ရတယ်…..”
ဂိမ်းထဲတွင် သန်မာသောလူနှင့်တွေ့ပါက အကောင်းဆုံးနည်းလမ်းမှာ လက်နက်ချရန်ပင်။
“ကြားဖြတ်ဂိမ်းတွေမှာ တရားဝင်ကစားသမားတိုင်းက ပစ္စည်းတွေရှိတဲ့နေရာတွေပဲ……….နင့်ရဲ့ရမှတ်တွေကို ပစ္စည်းတွေနဲ့ငါ့ဆီမှာ လဲလို့ရတယ်”