အခန်း (၃၈၂) အိမ်ဂျယ်မူလတန်းကျောင်း (၁၈)

163 33 0
                                    

ကျန်းမင်သည် ဖူအန်လုံခြုံရေးအဆောင် ထည့်လိုက်သည့်အိပ်ကပ်ကိုကြည့်လိုက်မိသည်။

“အလယ်အလတ်ကိုယ်စားလှယ်တွေ၊ စီနီယာကိုယ်စားလှယ်တွေနဲ့ ဒဏ္ဍာရီအက်စ်အဆင့်ကိုယ်စားလှယ်တွေ ဆိုတာလည်း ရှိသေးတယ်………….

အဆင့်ပိုမြင့်လာလေလေ………..ပစ္စည်းပိုများများသယ်နိုင်ပြီးတော့ အဆင့်ပိုမြင့်လေလေ လုပ်ပိုင်ခွင့်က ပိုရလေလေပဲ…………..

ငါသာ ကိုယ်ပိုင်သယ်ထားတဲ့ပစ္စည်းတွေကို လဲချင်လို့ရှိရင် အနည်းဆုံးအလယ်အလတ်ကိုယ်စားလှယ်လောက် ဖြစ်မှပဲရမှာ”

ထိုစကားကိုကြားသောအခါ ဖူအန်ကလက်ကိုသာမန်မျှ အိတ်ကပ်ထဲသို့ထည့်လိုက်ပြီး ဆက်မေးလိုက်၏။

“ကြားဖြတ်ဂိမ်းတွေနဲ့ သာမန်ဂိမ်းတွေကြားထဲက ကွာခြားမှုတွေက ဘာတွေလဲ?”

“သာမန်ဂိမ်းတွေနဲ့ယှဉ်ရင် ကြားဖြတ်ဂိမ်းတွေက ပထမနေ့ကတည်းက အန္တရာယ်ရှိနေပြီ………
အချိန်ကလည်းတိုသလို အန္တရာယ်အဆင့်ကလည်း မြင့်တယ်……….

ယေဘုယျပြောရရင် ကြားဖြတ်ဂိမ်းတွေမှာပါတဲ့ကစားသမားတွေဟာ ဂိမ်းအတွေ့အကြုံရင့်နေတဲ့ကစားသမားဟောင်းတွေချည်းပဲ………

လူသစ်တွေပါလာခဲ့တယ်ဆိုရင်တောင်မှ သူတို့တွေက ၂ ရက်ကျော်မှာ မဟုတ်ဘူး…………

ကြားဖြတ်ဂိမ်းတွေက အကြီးမားဆုံးလုပ်ဆောင်ချက်တွေပဲ……….အလှည့်တိုင်းမှာ တရားဝင်ကိုယ်စားလှယ်တွေပါလိမ့်မယ်……….

ငါတို့က အန်ပီစီပုံစံ၊ ကစားသမားပုံစံဟန်ဆောင်လို့ရပြီး ပစ္စည်းလဲလှယ်နိုင်တဲ့နေရာတွေအဖြစ် ဆောင်ရွက်ရတယ်………..
အခြားတော့………..ငါမပြောနိုင်ဘူး”

ဖူအန်ကနားထောင်၍ ခေါင်းညိတ်လိုက်၏။

“ရှင်က ဒီဂြိုလ်ကမဟုတ်ဘူး………..ဟုတ်တယ်မလား?..........ဂိမ်းရဲ့ တတိယအဆင့်က ဘယ်လိုပုံစံဖြစ်မလဲ?”

“…….အင်း”

ကျန်းမင်သည် ဖူအန်အား နားလည်ရခက်နေသည့်အမူအရာဖြင့်ကြည့်လိုက်ပြီး…….

“နင့်ရဲ့ အဓိကအချက်တွေကို ဖမ်းဆုပ်နိုင်တဲ့စွမ်းရည်က အရမ်းသန်မာလွန်းတယ်………..
ငါတို့က အခုပဲ တတိယအဆင့်မှာ ရောက်နေပြီ………

သေမင်းဂိမ်းထဲတွင် ချစ်မိခြင်း (Book 3)Where stories live. Discover now