"အရန်ကိုယ်စားလှယ်ကိုထားလိုက်တော့.................တကယ်လူသစ်တစ်ယောက်နဲ့ပိုတူတယ်"
မာယီက ဖြည်းညှင်းစွာဖြင့်ပြောလိုက်ရင်း ပတ်ဝန်းကျင်ကိုကြည့်လိုက်၏။
"ပတ်ဝန်းကျင်ကိုလေ့လာအားကောင်းတယ် ဒါပေမယ့် တကယ်ခွန်အားမရှိဘူး...........
မင်းကရော ဘယ်လိုလဲ.............မင်းလေ့လာနေတဲ့ ၃ ယောက်ရဲ့အခြေအနေကရော?"
ထိုလူ ၃ ယောက်အကြောင်းကိုပြောလိုက်သောအခါ ရှုံးခွင်းက ပြုံးလိုက်ပြီး ပါးစပ််ထဲမှ သစ်ကိုင်းကို ထုတ်လိုက်၏။
"အဲ့တာက မလွယ်ဘူး"
"လွယ်ကူတာကတော့ သေတာပဲလေ"
ယခုနက ဖူအန်ဆန်းစစ်သွားသည်များမှာ သူတို့လုံးဝမမျှော်လင့်ထားသောအရာများပင်။
လူတိုင်းမှာ တစ်ခုခုဖြစ်ပွားမည်ကို သိသိသာသာရော၊ မသိမသာပါ ဂရုတစိုက်ရှောင်၍ ဆော့နေကြခြင်းဖြစ်သည်။အရူးများဖြစ်သည့် ဖက်တီးနှင့် ကျိုးဖန့်တို့သည်သာ တမင်တကာ သေနတ်ပြောင်းဝရှေ့သို့ တိုးဝင်သွားကြခြင်းဖြစ်သည်။
မာယီက သူ့ကိုကြည့်လိုက်ပြီး.........
"အသေးစိတ်ပြောလေ""ဒီ ၃ ယောက်မှာ အနည်းဆုံး ၂ ယောက်က သာမန်ထက်ပိုတယ်"
ရှုံးခွင်းက သစ်ကိုင်းကိုကိုင်လိုက်ပြီး ညောင်ပင်မှသစ်ရွက်များကို ရိုက်လိုက်၏။
"မင်းကရော ဘယ်နှစ်ယောက်ကို လေ့လာနေတာလဲ?"
"တူတူပဲ"
မာယီက ဖြောင့်မတ်သည့်မျက်နှာဖြင့်ပြောလိုက်၏။
သူတို့ ၂ ယောက်မှာ ယခုမှစတွေ့ကြခြင်းမဟုတ်ပဲ ယခင်ကဂိမ်းတစ်ခုတွင် တူတူကစားဖူးကြသည်။
ဒီအဆင့်ဂိမ်းမှာ အရန်ကိုယ်စားလှယ် ၂ ယောက်က သေသေချာချာတိတိကျကျမပြောနိုင်ဘူးဆိုမှတော့ ဒီအဓိပ္ပာယ်က လူတိုင်းက ဟန်ဆောင်နေကြတယ် ဆိုတဲ့အဓိပ္ပာယ်ပဲ...............မှန်တယ်မလား........
ပထမနေ့မှာတင် လူတွေစသေနေတဲ့ဂိမ်းမှာ အတွေ့အကြုံမရှိတဲ့လူသစ်တွေအုပ်စုလိုက် ရောက်လာတယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ............
![](https://img.wattpad.com/cover/385728015-288-k836306.jpg)