အခန်း (၃၇၈) အိမ်ဂျယ်မူလတန်းကျောင်း (၁၄)

134 26 0
                                    


ရှုံးခွင်းသည် ဖြည်းညှင်းစွာဖြင့် နောက်လှည့်ကြည့်လိုက်သောအခါ အတန်းတိုင်းမှ ဆရာများထွက်လာသည်ကို မြင်လိုက်ရသည်။

သူတို့မှာ ရှုံးခွင်းအား အေးစက်စက်မျက်နှာသေကြီးများဖြင့် လူသေတစ်ယောက်ကိုကြည့်နေကြသည်အတိုင်း ကြည့်နေကြသည်။

ဤကဲ့သို့သောမျက်လုံးများအောက်တွင် ရှုံးခွင်းမှာ ချွေးစေးများပြန်လာသည်။
ကလေးများမှာ ဆရာများစောင့်နေသည့်အတွက် အတန်းထဲမှ မထွက်နိုင်ကြသော်လည်း အတန်း၏ပြတင်းပေါက်များမှတစ်ဆင့် သူ၏လှုပ်ရှားမှုများကို စိတ်ဝင်တစားဖြင့် ကြည့်ရှုနေကြသည်။

ထို့နောက် ရဲတင်းသည့်ကလေးတစ်ယောက်သည် ရှုံးခွင်းအားလက်ညိုးထိုးလိုက်ကာ တံခါးတွင်ရပ်နေသည့်ဆရာအား ချစ်စရာကောင်းသည့်အသံဖြင့် မေးလိုက်၏။

"ဆရာ..................ကျွန်တော်တို့ ဆရာရှုံးနဲ့ကစားလို့ရမလား?"

သူတို့၏အဖြေကို ဆရာက တံခါးကို ဘမ်းခနဲပိတ်ပြီး ပြန်အဖြေပေးလိုက်၏။

တီဗီပေါ်တွင် စိတ်လှုပ်ရှားစရာအကောင်းဆုံးဇာတ်လမ်းဖြစ်သည့်‌ ကြောင်နှင့်ကြွက်ကာတွန်းကားကို ပြသနေလေသည်။ အချိန်တိုင်းတွင် ဤဇာတ်လမ်းပြသလာပါက ကလေးများမှာ ကျယ်လောင်စွာရယ်မောကြလေ့ရှိသော်လည်း ယနေ့တော့ မဟုတ်တော့ပေ။

ရှုံးခွင်းမှာ မြေကြီးပေါ်မှ တစ်ဝက်တစ်ပျက်ပေါ်နေသောအရာကိုကြည့်၍ သူ့စိတ်ထဲတွင် တင်းကြပ်လာသလိုဖြစ်လာ၏။ ထို့နောက် သူကသစ်ကိုင်းတစ်ကိုင်းဖြင့် ထိုရွံ့ဖြင့်ပြုလုပ်ထားသောအရာအား မူလပုံစံအတိုင်း ပြန်တည့်လိုက်၏။

မူလပုံစံအတိုင်းဖြစ်သွားသည့်အချိန်တွင်ပင် အတန်းထဲမှ ရုတ်တရက်ရယ်မောသံများ ပေါ်ထွက်လာ၏။
စူးရှသည့်ရယ်မောသံများက ကာတွန်းကားကြောင့်ရယ်မောသည်ထက် လှောင်ပြောင်နေသည့်ဟန်များ ပိုနေသလိုပင်။

ဒီနေရာကြီးက တကယ်နတ်ဆိုးနေရာကြီးပဲ.................

ရှုံးခွင်းမှာ သစ်ကိုင်းကိုအဝေးသို့ပစ်လိုက်ပြီး နေရာမှလျှင်မြန်စွာဖြင့် ထွက်လာခဲ့သည်။
............................................................................................

သေမင်းဂိမ်းထဲတွင် ချစ်မိခြင်း (Book 3)Where stories live. Discover now