အခန်း ၅၄ ။ ရုတ်တရက် သဘောပေါက်နားလည်ခြင်း

1.5K 204 2
                                    

Myanmar Translation of [师父又掉线了] By [尤前]
ဘာသာပြန်သူ - TJ

အခန်း ၅၄ ။ ရုတ်တရက် သဘောပေါက်နားလည်ခြင်း

"တကယ်တော့ ကိစ္စတွေက တကယ်ကို ရိုးရိုးလေး၊ နင့်မိသားစုက စိတ်တိုင်းကျ သွားလာပြီး ခိုးယူနေတာ၊ အဲလိုအပြုအမူက ငါ့ကို တကယ်စိတ်မပျော်ဖြစ်စေတယ်၊ နင်က ဟင်းသီးဟင်းရွက်မိသားစုရဲ့ မိဘလို့ကြားတယ်၊ နင့်မိသားစုဝင်တွေက တကယ်ကို ဆိုးဆိုးရွားရွား ကိစ္စတွေ လုပ်ခဲ့တယ်ဆိုတာ သတိပေးပါရစေ၊ နင် သူတို့ကို ဆုံးမသွန်သင်သင့်တယ်နော်"

"..."

ဘာဟင်းသီးဟင်းရွက်မိသားစုတုံး။ သူက မိသားစုရဲ့ ခေါင်းဆောင်လေ၊ မိဘမှမဟုတ်တာ။ ပြီးတော့ ခရီးသွားမသေမျိုးတစ်ယောက်ကို စကားပြောတာက ဘယ်လိုလုပ်မြေးတစ်ယောက်ကို ပြောနေသလိုမျိုးပြောနေရတာလဲ။

"ငါ နင်တို့ကို ဒါပြောဖို့ ပြန်လာတာ" ရှန်းရင် သူမပေါင်ကနေ မုန်လာဥကို ဆွဲယူပြီး ဆက်ပြောလိုက်တယ်။

"ဒါက မုန်လာဥတစ်ခုဆိုပေမဲ့ တခြားတစ်ယောက် ပိုင်တဲ့ဟာနော်၊ နင့်မိသားစုက ဟင်းသီးဟင်းရွက်တွေ ကြိုက်နိုင်တယ်ဆိုပေမဲ့ ငါ နင်တို့ကို ပေးဖို့ ငြင်းရင် ငါ့ဆီကနေ လုယူလို့မရဘူးလေ"

ရွက်တစ်ထောင်အပင်ဝိညာဉ်ပဲ။

ဂိုဏ်းချုပ်ရဲ့ မျက်ဝန်းတွေက ပြူးကျယ်ပြီး တောက်ပသွားတော့တယ်။ ရုတ်တရက်ပဲ သူ့ဦးလေးငါးယောက်က ပြန်လာဖို့ ဘာလို့ဒီလောက်တောင် ကြာနေရလဲ နားလည်သွားခဲ့တယ်။ ရွက်တစ်ထောင်အပင်ဝိညာဉ်က သူမ ပိုင်တာကိုး။ အဲဒါက ကြောက်စရာပဲ။

"နင်တို့ကိုဖြေရှင်းဖို့ ဂရုမစိုက်နိုင်သေးဘူး၊ ဒါကြောင့် နင်တို့ကို အခု ပြင်းပြင်းထန်ထန် သတိပေးလိုက်မယ်နော်၊ တကယ်လို့ ရွှမ်းယွမ်မိသားစုက တစ်ယောက်ယောက်များ ငါစားသောက်နေတုန်း ထပ်ပေါ်လာလို့ကတော့... နင်တို့ကို ရိုက်ပစ်မယ်"

"..." မင်း ငါ့ကို ရိုက်ပြီးပြီလေ

┭┮_┭┮

"နင်တို့နားလည်လား" ရှန်းရင် အသံမြှင့်လိုက်တယ်။

မြေကြီးပေါ်ကလူတွေ ရုတ်တရက် မတ်မတ်ရပ်လိုက်ပြီး ခေါင်းညိတ်ပြကြတော့တယ်။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now