102
အခန်း ၁၀၂ ။ ဘုံတံခါးကို ဆွဲဖြဲခြင်းဝူတိဂိုဏ်း၏ အနောက်ဆောင်။
"ဆရာ ပိုင်ဇယ်က ရိုးရှင်းတဲ့လူလို့ မထင်ဘူးနော်၊ သူနဲ့အဆက်အဆံသိပ်မလုပ်ရင် ပိုကောင်းမယ်"
ယိချင်းက ပထမဆုံးအကြိမ် ရှန်းရင်ကို တင်းတင်းမာမာ ပြောတော့တယ်။
"သူက ကောင်းပါတယ်" ရှန်းရင်က ပြန်ခွန်းတုံ့ပြန်ပြီး အဆာသွတ်မုန့်ကို ဝါးနေလေရဲ့။ သူက ဟင်းဘယ်လိုတည်ခင်းရမလဲဆိုတာလည်း သိတယ်။ အကောင်းဆုံးအပိုင်းက သူက အရသာရှိမဲ့ပုံ။
ယိချင်း ရုတ်တရက် ဆီပူထိုးနေတာ ရပ်ပြီး ရှန်းရင်ဘက်လှည့်လာတော့တယ်။
"ဆရာ၊ ဆရာက လောကကြီးကနေ ပုန်းရှောင်နေတာ တော်တော်ကြာနေပြီ၊ လူတွေ ဘယ်လောက်ကောက်ကျစ်နိုင်လဲဆိုတာ မသိဘူး"
"သူက လူမှ မဟုတ်တာ"
"သားရဲနှလုံးသားကလည်း အတူတူကောက်ကျစ်တာပဲ" ယိချင်းက အမြန် ထပ်ဖြည့်ပြောလိုက်သေး။စ
"သူ့မှာ အကြံကြီးသာရှိနေရင်... သူ့ကို မြန်နိုင်သမျှမြန်မြန် ပြန်ပို့တာပိုကောင်းမယ်"
"အဲလောက်အဆိုးမမြင်ပါနဲ့၊ ကစားဖို့လာတာလို့ သူပြောတယ်မဟုတ်လား" ရှန်းရင် ဒယ်အိုးစောက်ထဲက စားစရာကို အာသာငမ်းငမ်း စိုက်ကြည့်ပြီး ယိချင်းကို တံတောင်နဲ့ တွတ်တော့တယ်။
"မြန်မြန်၊ မြန်မြန်မွှေလိုက်ဦး၊ တူးတော့မယ်"
"ဆရာ..." ယိချင်းက မျက်မှောင်ကြုတ်ပြီး ဒယ်အိုးစောက်ထဲက ဟင်းကို မွှေလိုက်တယ်။
"သူက ဆရာ့ကို ကျေနပ်အောင် မတရားကြိုးစားပြနေတာ အသိသာကြီး၊ ကျေးဇူးပြုပြီး အလွယ်တကူ လှည့်စားမခံပါနဲ့"
"အာ..." သူမက အဲလောက်တောင် အယုံလွယ်တာလား။
"မစိုးရိမ်ပါနဲ့၊ အမွေးလုံးက စကားသိပ်မပြောပေမဲ့ လူဆိုးတော့ မဟုတ်ပါဘူး"
"ဆရာ" ယိချင်း သူမကိုထိတ်လန့်တကြား လှည့်ကြည့်လိုက်တယ်။
"ဆရာ... တာအိုလက်တွဲဖော် တကယ်ရှာနေတာတော့ မဟုတ်ဘူးမလား"
![](https://img.wattpad.com/cover/336036478-288-k909553.jpg)
YOU ARE READING
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)
Humorအကျဉ်းချုပ် တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆ...