အခန်း ၁၆၇ ။ လန်ဟွားဘဝ

1.1K 171 5
                                    

167
အခန်း ၁၆၇ ။ လန်ဟွားဘဝ

လန်ဟွားက ဉာဏ်ကြီးရှင်။ သူ အမတကျင့်ကြံသူတုန်းကရော နတ်ဆိုးဘဝမှာရော လေ့ကျင့်နေချိန် အမြဲအတော်ဆုံးလူတွေထဲက တစ်ယောက်ဖြစ်ခဲ့တာ။ သူ့ဘဝမှာ တစ်ခါမှ ဒါကို သံသယမဝင်ဖူးဘူး။

သူက အောက်ဘုံထဲက အမတတွေကို မွေးထုတ်တာမှာတော်တဲ့ အသိုင်းအဝိုင်းကြီးမိသားစုတွေထဲက တစ်ခုမှမွေးဖွားလာတာ။ သူ့မှာ လူတစ်သောင်းမှာမှ တစ်ယောက်ပါတဲ့ ထိပ်တန်းအဆင့် ဓာတ်ကြီးငါးပါးဝိညာဉ်ကြောပါလာတဲ့အတွက် အဇဋာဝိညာဉ်ကြောနဲ့လူတွေထက် ပိုပြီးမြန်မြန် တိုးတက်ခဲ့တယ်။ သူက ဘယ်လေ့ကျင့်ရေးလမ်းကြောင်းကိုမဆိုရွေးချယ်လို့ရတယ်။ အဆုံးမှာတော့ သူက တခြားလူတွေနဲ့မတူညီတဲ့ လမ်းကြောင်းကို ရွေးခဲ့တယ်။ သူက လမ်းကြောင်းတစ်ခုတည်းတင် မလေ့ကျင့်ဘဲ ဆေးလုံး အဆောင်၊ လက်နက်နဲ့ အစီအရင်တွေအပါအဝင် တစ်ခုချင်းစီကို လေ့ကျင့်ခဲ့တယ်။ သူက သေမျိုးဘုံရော အမတဘုံမှာပါ အားလုံးမှာတော်တဲ့ တစ်ဦးတည်းသောကျင့်ကြံသူအဖြစ် သတ်မှတ်လို့ရတယ်။

သူ နှစ်ငါးရာလောက် လေ့ကျင့်ခဲ့ပြီးတဲ့နောက် မသေမျိုးဆီတက်လှမ်းခဲ့တယ်။ သူ အထက်ကမ္ဘာဆီ ဝင်ရောက်လာပြီးတဲ့နောက် ရွှေအမတဖြစ်ဖို့ နှစ်တစ်ရာ၊ စိတ်တန်ခိုးအမတဖြစ်ဖို့ နှစ်၃၀၀၊ အဆင့်မြင့်အမတဖြစ်ဖို့ နှစ်၆၀၀၊ ဧကရာဇ်ဖြစ်ဖို့ နှစ်၁၀၀၀ အချိန်ယူခဲ့တယ်။ နောက်ထပ်နှစ်၁၀၀၀အကြာမှာတော့ သူက နတ်ဒေဝါဧကရာဇ်ဖြစ်လာခဲ့ပြီ။ နှစ်၄၀၀၀အတွင်း သူက အဇဋာအမတဆရာသခင်ဖြစ်လာပြီး လူတိုင်းက အတော်လေးကြောက်ကြတယ်။ သူ့အမတခရီးလမ်းစဉ်က...

"မသေမျိုးကို နှစ်၅၀၀အတွင်း တက်လှမ်းတာ မြန်တယ်လို့ သတ်မှတ်လို့ရလား" ရှန်းရင်က ကြားဖြတ်ပြောလာတယ်။

"ဒါပေါ့" လန်ဟွား ဂုဏ်ယူဝင့်ကြွားစွာ ဖြေလိုက်တယ်။

"သေမျိုးဘုံထဲက ဝိညာဉ်ချီက မသေမျိုးချီနဲ့မှ မတူတာ၊ အတော်‌လေးပါးတယ်လေ၊ မသေမျိုးတက်လှမ်းဖို့ဆိုတာ လွယ်တာမဟုတ်ဘူး၊ နှစ်တစ်ထောင်လောက် ကြိုးစားပမ်းစား မလေ့ကျင့်ဘဲ သာမန်လူတွေက အမတဖြစ်လာဖို့ အိပ်မက်တောင် မက်နိုင်မှာမဟုတ်ဘူး၊ ကျုပ်ကြွားနေတာ မဟုတ်ပေမဲ့ အမတဘုံမှာ ပိုပြီးမြန်မြန်ရောက်လာတဲ့သူကို ရှာမတွေ့ဖူးသေး..."

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now