191
အခန်း ၁၉၁ ။ သက်တမ်းကုန်သွားသော ဇာတ်လိုက်မင်းသမီး
လန်ဟွား ရုတ်တရက် ဝင်ရောက်မှုအပြီးမှာ မိုးကြိုးဝဋ်ကြွေးချေမှုအရှိန်က ပြင်းထန်လာခဲ့တယ်။ ဒါပေမဲ့ အဇဋာဧကရာဇ်လန်ဟွားအတွက်တော့ ရွှေအမတရဲ့ ဝဋ်ကြွေးချေမှုက သူ့ကို ထိခိုက်အောင် မလုပ်နိုင်ဘူး။ တကယ်တော့ သူက မိုးကြိုးတွေကို ကာကွယ်ပေးပြီး ရွှမ်ထုံ့ရဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ပေးလိုက်တာ။
လန်ဟွားက ရွှမ်ထုံရဲ့အပေါ်ဘက်ကနေ တင်ပျဉ်ခွေထိုင်ချလိုက်တယ်။ သူ့နတ်ဆိုးချီက တလိမ့်လိမ့်တက်လာပြီး သူမခန္ဓာကိုယ်ထဲက နတ်ဆိုးချီကို နှင်ထုတ်ဖို့ ကောင်းကင်စိတ်အာရုံကို အသက်သွင်းလိုက်တယ်။ ဒါပေမဲ့ ရွှမ်ထုံက အသိစိတ်ငါးပါးကို ပိတ်ထားမိပြီး မရင်းနှီးတဲ့ အရှိန်အဝါတွေ အနားကပ်လုမှာကို အလိုလိုတားဆီးနေမိတယ်။
"စိတ်နှလုံးကောင်းက မင်းကိုကယ်ခိုင်းလိုက်တာ" လန်ဟွားက ရှင်းပြပြီး နောက်တော့ နောက်တစ်ချက် ထပ်ဖြည့်လိုက်တယ်။
"မင်းဂိုဏ်းချုပ်"
ရွှမ်ထုံက ဒါကိုကြားချိန် မတောင့်ခံတော့ဘဲ သူ့ကောင်းကင်စိတ်အာရုံကို သူမကိုယ်ထဲ ဝင်ခွင့်ပြုလိုက်တယ်။
ခဏအတွင်း လန်ဟွားက နတ်ဆိုးချီအရင်းအမြစ်ကို ရှာတွေ့ပြီး မဆိုစလောက် လန့်သွားတော့တယ်။
"ဟမ်" ဘာလို့ သူမကိုယ်ထဲ နတ်ဆိုးအစေ့တစ်ခုရဲ့ အငွေ့အသက်ရှိနေရတာလဲ။
သူ ထပ်ပြီး ဆက်မစဉ်းစားတော့ဘဲ သူမကိုယ်ထဲကနေ နတ်ဆိုးချီကို မောင်းထုတ်ဖို့ကြိုးစားတော့တယ်။ ရွှမ်ထုံက ပူးပေါင်းဖို့ အကောင်းဆုံးကြိုးစားပေမဲ့ ကောင်းကင်မိုးကြိုးတွေကို ကာကွယ်နေရတာက သူတို့အမြန်နှုန်းကို လျော့ကျစေတယ်။
ဒါပေမဲ့ ရွှမ်ထုံရဲ့ နတ်ဆိုးချီက တဖြည်းဖြည်းလျော့ကျလာပြီး အမတအရိုးတွေက မြန်မြန် ဖွံ့ဖြိုးလာတယ်။
တစ်နာရီအကြာ။
လန်ဟွား နောက်ဆုံးတော့ ရွှမ်ထုံ့ကိုယ်က နတ်ဆိုးချီ လက်ကျန်ကို ဖယ်ရှားနိုင်ခဲ့ပြီ။ သူ ထရပ်ပြီး ဝဋ်ကြွေးချေမှုနယ်နိမိတ်ထဲက ထွက်ခဲ့တယ်။
VOUS LISEZ
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)
Comédieအကျဉ်းချုပ် တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆ...