အခန်း ၁၁၄ ။ ဂိုဏ်း၏ မသေမျိုးသို့တက်လှမ်းခြင်း

1.3K 187 5
                                    

114

အခန်း ၁၁၄ ။ ဂိုဏ်း၏ မသေမျိုးသို့တက်လှမ်းခြင်း

ရွှင်လိက ရှန်းရင်ကို နည်းနည်းလေးတောင် အဖတ်မလုပ်။ သူက သူမဘေးကယိချင်းကို ဒေါသတကြီး စိန်းစိန်းဝါးဝါးကြည့်တော့တယ်။

"မင်း အောင်အောင်မြင်မြင် မသေမျိုးတက်လှမ်းနိုင်ခဲ့တာပဲ၊ မင်းရဲ့ အမတ သွေးကြောက..."

သူ တုံ့ဆိုင်းနေမိတယ်။ အလိုလို သူ ထျန်းလန်လောကရဲ့ဝင်ပေါက်ကို ပိတ်ဖို့ စည်းတံဆိပ်စတင်ပုံဖော်လိုက်ပေမဲ့ ဆန်းပြားတဲ့ဘုံကို အခုထိန်းချုပ်မှုကင်းမဲ့သွားပြီဆိုတာ မြင်လိုက်ရတယ်။ သူ့မျက်နှာ ပျက်ယွင်းပြီး ဒေါသနဲ့ ပေါက်ကွဲလာသလို မျက်နှာကလည်း ရှုံ့မဲ့လာတယ်။

နှစ်သောင်းနဲ့ချီ သူ့အမတသွေးကြောကို အားဖြည့်ခဲ့ရပြီး ထျန်းလန်လောကကိုတည်ဆောက်ဖို့ ပင်ပင်ပန်းပန်းအားထုတ်ခဲ့ရတယ်။ သက်ရှိပုံစံမျိုးစုံကို လောကကြီးထဲညမိတ်ဆက်ဖို့ စွမ်းအင်အများကြီးသုံးခဲ့ရသေးတာ။ ဒါတောင်... ဒါတောင် အခုတော့ နောက်ထပ် ထောင်ချီကမ္ဘာတွေထဲက တစ်ခုလို သာမန်ကမ္ဘာအဖြစ် လျှော့ချခံလိုက်ရပြီ။ သူ့ဖန်တီးမှုအပေါ် လုံးဝထိန်းချုပ်မှုဆုံးရှုံးသွားခဲ့ရပြီ

"မယုံနိုင်စရာပဲ အောက်ဘုံက ပုရွက်ဆိတ်တချို့ကများ ငါ့ဆန်းကြယ်တဲ့ဘုံကို တကယ်ဖျက်ဆီးပြီး အမတသွေးကြောကို ဖျက်‌ရဲတယ်ပေါ့" သူ့ မျက်လုံးတွေကနီရဲနေပြီး ယိချင်းကို ဒေါသတကြီး စိုက်ကြည့်တော့တယ်။ 

"မသေမျိုး တက်လှမ်းနိုင်တာနဲ့ တခြားစိုးရိမ်စရာတွေအားလုံးက လွတ်ကင်းသွားမယ်ထင်နေတာလား၊ မင်းကိုသာခွင့်မပြုရင် အမတအနေနဲ့ ကြီးထွားလာဖို့ကို အိပ်မက်ပဲမက်နေလိုက်""

သူ့ အနောက်က အမတတွေကို အမူအရာပြပြီး အံကြိတ်လိုက်တယ်။

"ဒီတောင်ထွတ်ပေါ်က လူတိုင်းရဲ့ အရိုးတွေအားလုံးကို ဖျက်ဆီးပစ်လိုက် ဒါပေမဲ့ ငါ့အမတသွေးကြောကို ဖျက်ဆီးတဲ့ အဲဓားကျင့်ကြံသူ‌ကိုတော့ တစ်ယောက်တည်းချန်ခဲ့၊ ငါ သူ့ကိုယ် ငါကိုယ်တိုင်သတ်ချင်တယ်"

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now