126
အခန်း ၁၂၆ ။ ကျုပ်တို့ဂိုဏ်းတပည့်အားလုံးက ခန္ဓာကျင့်ကြံသူတွေ
သိသာစွာပဲ ရှန်းရင် ကောင်လေးကို အနိုင်ကျင့်နေတာက စီးပွားရေးကိစ္စ ဆွေးနွေးနေဆဲ လူသုံးယောက်ရဲ့အာရုံကို မဖမ်းစားမိသွားဘူး။
ကူယွဲ့ကတော့ သူရဲ့ ကလိမ်ကကျစ်ပြောဆိုတာ... အတိသယဝုတ္တိသုံးတာ... နဲ့ အရေမရအဖတ်မရ ပြောတဲ့ ခွဲတမ်းတွေကို ဖြည့်ဆည်းပြီးခါစလို့ ခံစားလိုက်ရတယ်။ ခန့်မှန်းခြေ အသုံးစရိတ်ထက် အဆပေါင်းများစွာ ပိုတဲ့ ပမာဏကို ရပြီးနောက်မှာတော့ သူ လိုရင်းကိစ္စကို ပြောဖို့ ဆုံးဖြတ်လိုက်တယ်။
"အဆင့်မြင့်အမတ၊ မြို့အရှင်ပေါင်၊ အမတအရှင်မင်းမြတ်က နတ်ဆိုးဘုံတံခါးကိစ္စကို ဖြေရှင်းနေတော့ ခင်ဗျားတို့နှစ်ယောက် ဘာဆက်လုပ်ဖို့ စဉ်းစားထားလဲ" ကူယွဲ့ ချွီရွှမ်းမြို့ရဲ့ မြို့အရှင်က ဒီထိကို အလကားနေဖို့အတွက် လာမယ်ဆိုတာ မယုံဘူး။ သူ့မှာ ချွီရွှမ်းမြို့ကလွဲ တခြားနေစရာမရှိမှာမှ မဟုတ်တာ။
အမှန်တိုင်းပြောရရင် ကူယွဲ့က အဓိကဇာတ်ဆောင် နဉ်ဇီအန်းကြောင့် ပေါင်မိသားစုနဲ့ ဆက်ပြီး မပတ်သက်ချင်ဘူး။ နတ်ဆိုးဘုံတံခါးကိစ္စကတော့ အမတဘုံတစ်ခုလုံးနဲ့သက်ဆိုင်နေတာမို့ ခြွင်းချက်ပေါ့။
"အရှင်မင်းကြီးက ကျုပ်တို့ပေါင်မိသားစုကို နတ်ဆိုးဘုံတံခါးရှာတွေ့တဲ့အတွက် ကျင်ရှင်းမြို့ လက်ဆောင်ပေးခဲ့တယ်" ပေါင်ဖေးဖျင်က မီးဖိုချောင်ထဲက ထွက်လာတဲ့ ယိချင်းကို လှမ်းကြည့်ပြီးဆက်ပြောတယ်။
"ကျင်ရှင်းက အမတသွေးကြောပေါ်တည်ရှိတဲ့ ချွီရွှမ်းမြို့နဲ့ယှဉ်လို့မရပေမဲ့ ပင်မတိုက်ကြီးမှာရှိပြီး ရှန်းတုမြို့နဲ့နီးတယ်၊ အဖေနဲ့ကျုပ်ခံစားရတာက.. ကျုပ်တို့ ခင်ဗျားတို့သုံးယောက်ကြောင့်သာ နတ်ဆိုးဘုံတံခါးကိစ္စကို သိရတာလေ၊ ဒါကြောင့် ကျုပ်တို့ နာမည်ကောင်းယူလို့မဖြစ်ဘူး၊ တကယ်လို့စိတ်မရှိရင် ခင်ဗျားတို့ဂိုဏ်းကို ကျုပ်တို့နဲ့အတူ ကျင်ရှင်းမြို့မှာနေဖို့ ဖိတ်ကြားချင်လို့ပါ"
![](https://img.wattpad.com/cover/336036478-288-k909553.jpg)
YOU ARE READING
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)
Humorအကျဉ်းချုပ် တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆ...