အခန်း ၆၄ ။ တစ်ခုဝယ် တစ်ခုအလကားရ
ယွီဟုန် အသက်ပြင်းပြုင်းရှူလိုက်တယ်။ သူမက သူတို့ကိုဦးဆောင်ခေါ်သွားတဲ့ အမျိုးသားနောက် သတိကြီးလိုက်နေရင်း တခြားမိန်းကလေးတွေလို ဝမ်းသာပုံပေါ်နေတယ်။ သူတို့လမ်းတော်တော်များများ ဖြတ်သန်းခဲ့ရပေမဲ့ ဘာကြောင့်မှန်းမသိ သူတို့လမ်းလျှောက်လေလေ သူတို့ပတ်ဝန်းကျင်က ပိုပြီးလူများလာလေပဲ။ အဲလူက သူတို့ကို လူသူကင်းမဲ့တဲ့နေရာဆီ ခေါ်သွားတာမဟုတ်ဘဲ အဲအစား မြို့ရဲ့ပိုစည်ပင်တဲ့အပိုင်းဆီ ခေါ်သွားပြီး နောက်ဆုံးတော့ ခမ်းနားတဲ့ဂေဟာတစ်ခုရှေ့မှာ ရပ်သွားလေတယ်။
သူမရင်ထဲ အခြေအနေမဟန်မှန်းသိသွားပြီး အောင်မြင်လုနီးပါးအပျော်ကနေ ချက်ချင်း နိုးသွားခဲ့တယ်။ သူမ ချက်ချင်း ဝိညာဉ်ဓားကို ဆင့်ခေါ်ပြီး သူတို့အရှေ့ကလူကို တိုက်ခိုက်တော့တယ်။
"နင် ငါတို့ကိုလိမ်တယ်ပေါ့"
လန့်သွားပြီး အဲလူကပေပေါင်းရာနဲ့ချီ ပြန်ဆုတ်သွားတာ ဓားကို ရှောင်နိုင်ခဲ့တယ်ဆိုရုံလေးပဲ။
"သွားကြရအောင်" ယွီဟုန် အဲလူနောက်လိုက်ပြီး အချိန်ကုန်ခံလို့မဖြစ်ဘူး။ အဲအစား သူမ အားလုံးကို ထွက်ခွာဖို့ လှည့်အော်လိုက်ပေမဲ့ နောက်ကျသွားလွန်းပြီ။
ခမ်းနားတဲ့ဂေဟာရဲ့တံခါးတွေက ရုတ်ချည်းပွင့်သွားပြီး သဏ္ဍာန်တစ်ခုက ပျံသန်းကာထွက်လာတယ်။ ဘန်းခနဲမြည်သံနဲ့အတူ ဝိညာဉ်ဓားတစ်ချောင်းက မိန်းကလေးတွေနောက်ကလမ်းကို ထိုးစိုက်သွားပြီး သူတို့ရဲ့ထွက်ပြေးဖို့လမ်းတချို့ကို ပိတ်ဆို့လိုက်လေရဲ့။
"ဟုန်၊ မင်းက တကယ်ကိုငါသဘောကျရတဲ့ တပည့်ပဲ၊ ပြဿနာကို ဒီလောက်မြန်မြန် သတိထားမိတယ်"
လေထဲကလူက ဖြည်းဖြည်းချင်း ဆင်းလာတယ်။ သူက လူကြီးလူကောင်းပုံပေါ်ပြီး အပြာရောင်ဝတ်ရုံ ဝတ်စားထားတယ်။ မုတ်ဆိတ်မွှေးရှည်ရှည်နဲ့ မွန်ရည်တဲ့မျက်နှာထားရှိပြီး နတ်ဝိညာဉ်ကျင့်ကြံသူရဲ့ ထိန်းချုပ်အရှိန်အဝါ ထုတ်လွှင့်နေတယ်။
ဒါပေမဲ့ ဖော်ရွေမှုကင်းမဲ့တဲ့ အရှိန်အဝါက သူမရဲ့အရိုးအက်ကြောင်းတွေကနေ စိမ့်ထွက်လာသလိုမျိုုး ယွီဟုန့်ရဲ့ခန္ဓာကိုယ်ဟာ ရေခဲတမျှအေးစက်သွားတယ်။ ရှိနေတဲ့တခြားမိန်းကလေးတွေတောင် အငွေ့အသက်ကို တောင့်မခံနိုင်တဲ့ပုံနဲ့ တုန်ယင်ပြီး အနောက်ဘက်ကို ခြေလှမ်းအနည်းအကျဉ်း ဆုတ်သွားလေပြီ။
YOU ARE READING
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)
Humorအကျဉ်းချုပ် တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆ...