အခန်း ၇၂ ။ မထင်မှတ်ထားသော အရည်အချင်းများ

1.3K 177 1
                                    

72

အခန်း ၇၂ ။ မထင်မှတ်ထားသော အရည်အချင်းများ

"ဟင်းသီးဟင်းရွက်မိသားစုရဲ့ အကြီးအကဲ၊ ဘာကိစ္စရှိလို့လဲ" ရှန်းရင်ကမေးလာတယ်။

-_-|||

သောက်ကျိုးနည်း ဘာဟင်းသီးဟင်းရွက်မိသားစု အကြီးအကဲလဲ။ ကြီးမြတ်တဲ့နတ်ဒေဝါက အမြဲ သူ့ကို အမျိုးမျိုး ပြောင်းခေါ်နေတယ်လို့ ဘာလို့ခံစားရတာပါလိမ့်။

"ကြီးမြတ်... ကြီးမြတ်တဲ့နတ်ဒေဝါရှန်း" ရွှမ်းယွမ်ယွီ အရှေ့တက်ပြီး သူ့ကိုယ်သူ စိတ်ငြိမ်အောင် ထားလိုက်တယ်။ သူ ဘာကြောင့်လာခဲ့ရလဲ မှတ်မိသွားပြီ။

"အသင့်ရဲ့ ဝူတိဂိုဏ်းက တပည့်လေးယောက် နောက်ဆုံးအဆင့်ထိ ရောက်သွားပြီလို့ကြားတယ်၊ ကျွန်တော် ဒီဂုဏ်သရေကြီးမားတဲ့ ဂိုဏ်းကို ဂုဏ်ပြုဖို့ တကူးတကလာခဲ့တာပါ"

"အကြီးအကဲ ခင်ဗျားက သိပ်ကြင်နာလွန်းနေပါပြီ" ကူယွဲ့ပါ ရောက်လာပြီး ပြောလာတယ်။

"ခင်ဗျားတို့ရွှမ်းယွမ်ဂိုဏ်းက တပည့်ငါးယောက်လည်း ဗိုလ်လုပွဲဆီ ရောက်ခဲ့တာပဲလေ၊ ဒီအခွင့်အရေးကို သုံးပြီး ကျုပ်တို့လည်း အကြီးအကဲကို ဂုဏ်ပြုပါတယ်"

"ကျွန်တော့်ဂိုဏ်းက တပည့်တွေက ခင်ဗျားတို့နဲ့ မယှဉ်နိုင်ပါဘူး" ရွှမ်းယွမ်ယွီက ပိုပြီးတောင် ယဉ်ယဉ်ကျေးကျေးပြုံးလာတယ်။ ကူယွဲ့နဲ့ ရွှမ်းယွမ်ယွီတို့ တစ်လှည့်စီ တစ်ယောက်ဂိုဏ်းကိုတစ်ယောက် ချီးကျူးနေတော့တာပဲ။ တစ်အောင့်ကြာပြီးတော့ ရွှမ်းယွမ်ယွီက အိတ်ထဲကနေ ဆေးဘူးတစ်ဘူးထုတ်ပြီး ကမ်းပေးလာတယ်။

"အော် ဟုတ်သား၊ ဒါကဝိညာဉ်သိပ်သည်းဆေးလုံးတွေပါ၊ သူတို့က ဝိညာဉ်ချီကို ကုသရမှာ ကူညီပေးလိမ့်မယ်၊ အဲလောက်ထူးခြားတာမဟုတ်ပေမဲ့ အရင်က အားဖြည့်သက်စောင့်ဆေးနဲ့ အတူတူတွဲသောက်ရင် အကျိုးသက်ရောက်မှု ပိုကောင်းပါလိမ့်မယ်၊ သူတို့က ခင်ဗျားတို့တပည့်တွေအတွက် ပြီးပြည့်စုံတာမို့ ဂုဏ်ပြုလက်ဆောင်အနေနဲ့ ယူလိုက်ပါ"

ကူယွဲ့ ဘူးကိုလှမ်းကြည့်လိုက်တော့ တကယ်ပဲ ပဉ္စမအဆင့် ဆေးလုံးတွေဖြစ်နေတာ သိလိုက်ရတယ်။ သူလက်ဆောင်ကို ငြင်းတာမျိုးမလုပ်ဘဲ အကြီးအကဲရဲ့စေတနာကို ယဉ်ယဉ်ကျေးကျေး‌လက်ခံလိုက်တယ်။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now