အခန်း ၁၄၉ ။ မိစ္ဆာအမတနှစ်ယောက်

1.1K 166 2
                                    

149

အခန်း ၁၄၉ ။ မိစ္ဆာအမတနှစ်ယောက်

"ကောင်းကင်နတ်ဘုရားပဲ ဒီရောက်လာတာလား၊ ဒီရောက်လာတာပဲ... ဖြစ်ရမယ်" ရှန်းရင်ဘေးက ကလေးမရဲ့ မျက်နှာက တောက်ပသွားပြီး ထရပ်တယ်။ သူမက တောင်ထွတ်ဆီ လှည့်ပြေးတော့တာပဲ။

ရှန်းရင် မျက်မှောင်ကြုတ်ပြီး တောင်ထိတ်ကို လှမ်းကြည့်လိုက်တယ်။ ဒီအလင်းက... မသေမျိုးချီလား။

သူမ အနားတိုးသွားဖို့ရှိသေး မျက်ဝန်းထောင့်ကနေ ကျောက်ပြားကို လှမ်းကြည့်မိလိုက်တယ်။ သူမ နောက်ပြန်ဆုတ်ပြီး ခြေထောက်ကိုမ ကျောက်တိုင်ကို တက်နင်းချလိုက်တော့တယ်။ အက်ကွဲသံကျယ်ကြီးနဲ့ ကျောက်ပြားက အပိုင်းပိုင်းကွဲသွားတော့တယ်။

ဟမ်၊ ဒါပိုကောင်းတယ်

ကျေနပ်သွားပြီး သူမ တောင်ထိပ်ဆီ လွင့်လာခဲ့တယ်။

ကလေးမက တောင်ထိပ်ဆီပြေးသွားတာ မြန်ချက်ပဲ။ ဒီအချိန် တောင်ထိပ်မှာ တွင်းကြီးတစ်ခုရှိနေပြီ။ တောင်တစ်ဝက်ကျော်က ပျံတက်သွားပြီး မြေကြီးတွေက နေရယအနှံ့ ပျံ့ကျဲကုန်တယ်။ တောင်ခြေက ကွင်းတွေတောင် သက်ရောက်ခံရပြီး ကွင်းတစ်ဝက်ကျော်လောက် ပျက်စီးသွားခဲ့တယ်။ ရွာသားတွေအကုန်လုံး အသက်လုပြေးနေရချိန် - အဲကလေးမပဲ တောင်ထွတ်ဆီ ခပ်မှန်မှန်တက်သွားတယ်။ မောဟိုက်နေရင်း ကလေးမရဲ့ အမြင်ထဲ ရောင်စုံအလင်းတန်းတွေနဲ့ မျောလွင့်နေတဲ့မြေကြီးတွေ ပြည့်သွားတယ်။ ဘာတွေဖြစ်နေလဲဆိုတာ သူမ သိဖို့နည်းကိုမရှိတာ။

ရုတ်တရက် အရာရာတိတ်ဆိတ်ကုန်တယ်။ သူမ စိတ်လှုပ်ရှားလာပေမဲ့ ကောင်းကင်နတ်ဘုရားကိုမြင်ချင်တဲ့ ဆန္ဒက သူမကို အဲမှာပဲ ဆက်နေစေခဲ့တယ်။ သူမက အသက်ပြင်းပြင်းရှူပြီး ဝရုန်းသုန်းကားတွေကြား လျှောက်လာခဲ့တယ်။ ခပ်တိုးတိုးလေး သူမ လှမ်းခေါ်လိုက်တယ်။

"ကောင်းကင်... နတ်ဘုရားလားဟင်"

ဝေါ

သူမ လှမ်းခေါ်ခေါ်ချင်း ဒေါသတကြီး အော်သံကို ကြားလိုက်ရတယ်။ သူမရှေ့မှာ ပုံရိပ်ကြီးတစ်ခု ပေါ်လာတယ်။ သွေးတွေပြည့်နေတဲ့ ပါးစပ်ကိုဟလိုက်တော့ သွေးညှီနံ့တွေ ကလေးမဆီ တလိပ်လိုက်တက်လာတော့တယ်။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now