68
အခန်း ၆၈ ။ ဂိုဏ်းများကြားမှပြိုင်ပွဲ"ဂိုဏ်းတွေကြား ပြိုင်ပွဲလား" ရှန်းရင်လက်က အဆာသွတ်မုန့်ဆီ လှမ်းနေရင်း ရပ်သွားတယ်။
"အဲဒါဘာလဲ"
"ဂိုဏ်းတွေအချင်းချင်း တစ်ခုနဲ့တစ်ခု စွမ်းရည်ချင်းယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲမျိုးပဲ" ကူယွဲ့က ရှင်းပြတော့တယ်။
"အထက်ထျန်းလန်လောကမှာရှိတဲ့ ဆွေကြီးမျိုးကြီးမိသားစုတွေဆီက ဂိုဏ်းတွေအကုန်လုံး ကျင့်ကြံခြင်းလောကအတိုင်း ယှဉ်ပြိုင်ကြတယ်၊ အပိုင်း ၃ မျိုး ခွဲထားတယ် ချီမွမ်းမံမှု၊ အုတ်မြစ်အခြေတည်နဲ့ ရွှေအမြုတေပဲ၊ အပိုင်းတစ်ခုစီရဲ့ ထိပ်သီးသုံးယောက်က ပွဲစီစဉ်သူဆီကနေ ဆုရမယ်"
"အထက်ထျန်းလန်လောက အိုလံပစ်လား"
"အဲလိုမျိုးခေါ်လို့ရတယ်" သူ ခေါင်းညိတ်ပြလိုက်တယ်။
"ဂိုဏ်းတွေကြားက ဒီပြိုင်ပွဲက ဆယ်နှစ်မှာ တစ်ခါပဲကျင်းပတာ၊ ဒီတစ်ကြိမ်က တိုက်တိုက်ဆိုင်ဆိုင် ၃ရက်အတွင်း ကျင်းပတော့မှာတဲ့"
"အော်..." ရှန်းရင်စိတ်ဝင်စားမှုက တစ်စတစ်စနဲ့ကုန်သွားတော့တယ်။
"ငါတို့ မသွားလို့မရဘူးလား"
"မရဘူး" ကူယွဲ့ ဒေါသတကြီး ကြည့်လိုက်တယ်။
"ငါမနေ့က အထက်ထျန်းလန်မြို့ဆီ သွားပြီး ဝူတိဂိုဏ်းနာမည်အောက်မှာ ပြိုင်ပွဲအတွက် စာရင်းသွင်းပြီးပြီ၊ ဒီနှစ်ပြိုင်ပွဲကို ဆွေကြီးမျိုးကြီးမိသားစုလေးခုထဲက ယင်းမိသားစုနေ စီစဉ်တာ၊ ပွဲကျင်းပမဲ့နေရာက ယင်းထျန်းမြို့မှာ၊ ငါတို့မနက်ဖြန် စထွက်ဖို့လိုတယ်"
သူက ပြိုင်ပွဲဝင်တံဆိပ်ပြားကို သူမဆီ ကမ်းပေးရင်း ပြောလာတယ်။
ရှန်းရင်က မယူဘဲ တံဆိပ်ပြားမှာရေးထားတဲ့ “ပြိုင်ပွဲ” ဆိုတဲ့ စာလုံးကိုပဲ လှမ်းကြည့်လေရဲ့။
"အဲဒါ... ဘာလို့ ငါတို့ပြိုင်မှဖြစ်မှာလဲဟယ်၊ ငါတို့ဆီ လူတွေလည်း အများကြီးမှမရှိတာ"
အိမ်မှာပဲနေပြီး စားသောက်တာ ပိုမကောင်းဘူးလား။
"မင်း ငါ့ကို ဘာလို့လဲလို့ မေးရဲတယ်ပေါ့လေ" ကူယွဲ့ ပေါက်ကွဲသွားတယ်။
![](https://img.wattpad.com/cover/336036478-288-k909553.jpg)
JE LEEST
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)
Humorအကျဉ်းချုပ် တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆ...