165
အခန်း ၁၆၅ ။ စိတ်ထားကောင်းသော သတိပေးချက်"အဇဋာဧကရာဇ်လား" ကူယွဲ့ ရပ်သွားတယ်။ အထာစမ်းကြည့်ဖို့ ကြိုးစားရင်း သူမေးလိုက်တယ်။
"နဉ်ဇီ- ကျုပ်ဆိုလိုတာက အဇဋာဧကရာဇ်ချန်ကောက ကောင်းကင်အလွန်မှကောင်းကင်များဆီ ပြန်ရောက်ပြီလား" သူ ပေါင်မိသားစုနေအိမ်မှာ ပြန်အနားယူနေတာမဟုတ်ဘူးလား။
ပေါင်ဖေးဖျင်က ခပ်တိုးတိုးရယ်ပြီး ဟိုဟိုဒီဒီကြည့်လိုက်တယ်။ သုံးယောက်ပဲရှိနေတာမြင်တော့မှ သူရှင်းပြလိုက်တယ်။
"ခင်ဗျားကို အမှန်ပြောပြမယ်၊ အဇဋာဧကရာဇ်က သူ့ကျင့်ကြံဆင့်အပြည့် ပြန်ရတာ လွန်ခဲ့တဲ့၂နှစ်တည်းက၊ သူက ကောင်းကင်အလွန်မှကောင်းကင်များရဲ့ အမတသက်တန့်နန်းတော်ဆ္ ပြန်သွားပါပြီ၊ ဒီနေ့ဖုန့်ချန်တိုက်ကြီးထဲက တိုင်းပြည်တွေအားလုံး အဇဋာဧကရာဇ် ပြန်ရောက်လာတဲ့သတင်းကို ရပြီးကြပြီ၊ အဲဒါကြောင့် ဆန်းကြယ်ဝိညာဉ်များနှင့် အမတများတွေ့ဆုံပွဲကို စီစဉ်ရတာပါ၊ ပြိုင်ပွဲစီစဉ်တာအပြင် အဇဋာဧကရာဇ် ပြန်ရောက်လာမှုအတွက် ဂုဏ်ပြုပွဲလည်း ဖြစ်ပါတယ်"
"ဘာပြိုင်ပွဲလဲ" ကူယွဲ့ အရေးကြီးဆုံးအပိုင်းကို ကူယွဲ့ထုတ်မေးလိုက်တယ်။
"အစည်းအဝေးမှာ ပြိုင်ပွဲတစ်ခု ကျင်းပမှာလား"
"ခင်ဗျားတို့ မသိဘူးလား" ပေါင်ဖေးဖျင်က သူတို့ကို ထူးဆန်းတဲ့ပုံမျိုးနဲ့ အူကြောင်ကြောင် စိုက်ကြည့်နေတယ်။ နောက်တော့ သူစရှင်းပြလေတယ်။
"ဧကရာဇ်ငယ်ယိချင်းက ဧကရာဇ်ငယ်ဖြစ်တာ မကြာသေးတော့ မသိသေးတာ သဘာဝကျပါတယ်၊ ဒီဆန်းကြယ်ဝိညာဉ်နဲ့ အမတများအစည်းအဝေးက နှစ်ရာချီမှတစ်ကြိမ် ကျင်းပတာ၊ အဇဋာဧကရာဇ်တွေကိုယ်တိုင် အစည်းအဝေးကို ဧည့်ခံကျတယ်ပြောပေမဲ့ ဖုန့်ချန်တိုက်ကြီးထဲက တိုင်းပြည်တွေကြား ပြိုင်ပွဲကျင်းပဖို့ ဆင်ခြေသက်သက်ပါပဲ၊ ဧကရာဇ်ငယ်ယိချင်းက အုပ်ချုပ်ဖို့တိုင်းပြည်တစ်ခု မတွေ့သေးဘူးဆိုပေမဲ့ဧကရာဇ်ငယ်ဖြစ်နေပြီ၊ အဲဒါကြောင့် ဒီအစည်းအဝေးကို တက်ဖို့ အခွင့်အရေးရှိတာ သဘာဝပါပဲ"
YOU ARE READING
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)
Humorအကျဉ်းချုပ် တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆ...