156
အခန်း ၁၅၆ ။ ကြက်ကင်အစ်မနှင့် ပြန်လည်တွေ့ဆုံခြင်း
မသေမျိုးချီက ထူသထက်ထူလာပြီး မကြာခင်မှာပဲ အဖြူရောင်စင်မြင့်အရိပ်တစ်ခု ပေါ်လာတယ်။ စင်မြင့်အလယ်မှာတော့ အလင်းတန်းတွေ တဖြတ်ဖြတ်။ မသေမျိုးချီတွေက ငွေ့ရည်ဖွဲ့ပြီး အလင်းတန်းကလည်းပိုစူးလာတယ်။ စင်မြင့်က အလယ်တည့်တည့်ကို မိုးကြိုးတစ်ချက် ပစ်ချချိန် ကွဲသွားလေတယ်။
"အာ" ပိထောင် မှင်တက်သွားတယ်။
"ဝဋ်ကြွေးချေမှုက တိုးသွားပြီ၊ ကြည့်ရတာ တစ်ယောက်ယောက်က တစ်ခုခုကို အမတဘုံထဲ ယူလာတဲ့ပုံပဲ" ထျန်းလန်လောကကလူတွေ မသေမျိုးတက်လှမ်းချိန် တစ်ခုခုယူလာတတ်ကြတာ သူတို့ကိုယ်ပိုင်လက္ခဏာလားဟေ။
မိုးကြိုးကအလင်းက နောက်ဆုံးတော့ မသေမျိုးချီလို လွင့်ပျောက်သွားတယ်။ မသေမျိုးချီက ဖြည်းဖြည်းချင်း ပြန်ပြီး ဖွဲ့စည်းလာတယ်။ နောက်တစ်မိနစ်နေတော့ မသေမျိုးတက်လှမ်းမှုစင်မြင့် ပြန်ပေါ်လာပြီ။ မိုးကြိုးလည်းမရှိတော့ဘူး။ ရွှေရောင်အလင်းက စင်မြင့်အလယ်ကနေ ကောင်းကင်ဆီ တန်းတန်းမတ်မတ် လင်းထိန်သွားတယ်။
ရွှေရောင်အလင်းတန်းက ကောင်းကင်တစ်ဝက်ကို ထိန်လင်းစေခဲ့တယ်။ ရွှေရောင်က ကောင်းကင်ထဲ ကူယွဲ့ရဲ့ ဝဋ်ကြွေးချေမှုကနေ ထွက်လာတဲ့ အနီရောင်နဲ့ရောသွားတယ်။ နောက်တစ်မိနစ်နေတော့ အမည်းရောင်ပုံရိပ်တစ်ခု ရွှေရောင်အလင်းတန်းထဲကနေ ပေါ်လာတယ်။ ပုံရိပ်တစ်ခုက အလင်းတန်းထဲကနေ အရှိန်မြှင့်လာပြီး သူတို့အုပ်စုဆီ ပြေးလာတယ်။ ချောချောမွတ်မွတ် ဆင်းသက်ဖို့ကြိုးစားပေမဲ့ ရုတ်တရက် အားကုန်သွားသလိုမျိုး မြေကြီးပေါ် ဝုန်းခနဲကျသွားတယ်။ လူက သူတို့အုပ်စုနဲ့ မီတာအနည်းငယ်အကွာမှာတင် ကျသွားတယ်။
ကြိုဆိုတဲ့အလင်းရောင်နဲ့ မသေမျိုးတက်လှမ်းမှုစင်မြင့်လည်းပျောက်သွားတယ်။
လူတိုင်း မြေကြီးပေါ်က အခဲတုံးကို ကြည့်နေမိတယ်... အရမ်းကိုမည်းတူးနေတာ။ ပုံစံက အတော်လေးကို လောင်ကျွမ်းထားပုံပေါ်ပြီး ခန္ဓာကိုယ်ကလည်း ကျောက်မီးသွေးလိုမျိုးဖြစ်နေတယ်။ အဲလူဆီကနေ မီးခိုးတွေရော အငွေ့တွေရောထွက်နေတာပဲ။ ပတ်လည်မှာ အသားကင်နံ့တွေ စွဲကျန်ရစ်နေတယ်။
YOU ARE READING
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)
Humorအကျဉ်းချုပ် တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆ...