အခန်း ၁၇၈ ။ တိုက်ကြီးနှစ်ခု၏ တိုက်ပွဲ

1K 171 7
                                    

178

အခန်း ၁၇၈ ။ တိုက်ကြီးနှစ်ခု၏ တိုက်ပွဲ

ငါးမိနစ်အတွင်း သူမပြိုင်ဘက်က စင်ပေါ်ကနေ ဆုတ်ခွာရခါနီးဖြစ်နေပြီ။ ဟွေ့လင် လက်ထဲက ဓားကိုလှည့်လိုက်တော့ ဓမ္မဂါထာက ပြောင်းသွားတယ်။ သံကွင်းတွေထောင်ချီ ကောင်းကင်မှာ ချက်ချင်းစုဝေးလာပြီး‌တဲ့နောက် ကြိုးအဖြစ် အသွင်ပြောင်းသွားပြီး သူမပြိုင်ဘက်ဆီ ပျံသန်းသွားတယ်။

ဟွေ့လင်က စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်တယ်။ သူမမျက်နှာပေါ်မှာတော့ အောင်ပွဲခံအပြုံးနဲ့။

"ပြီးသွားပြီ"

"မှန်တယ်" အဲမှာတင် အမျိုးသားတစ်ယောက်ရဲ့ အသံက ရုတ်တရက် သူမနောက်ကနေ ထွက်လာတယ်။ နောက်အခိုက်အတန့်မှာတင် ကြောက်မက်စရာ ဓားတစ်ချောင်းက‌သူမဆီ လွှဲယမ်းလာလေရဲ့။ ကြောင်အမ်းနေပြီး ဟွေ့လင် သူမကိုယ်သူမကာကွယ်ချင်ပေမဲ့နောက်ကျလွန်းသွားခဲ့ပြီ။ တလက်လက်တောက်နေတဲ့ ဓားက သူမမျက်နှာဆီ ရောက်လာတယ်။

"တကယ်ပြီးပြီ.."

"အား" ဟွေ့လင် အော်လိုက်တယ်။

အဲအရေးကြီးအခိုက်အတန့်မှာတင် သူမရဲ့ ဓမ္မဝတ်ရုံ အကာအကွယ်အင်္ကျီက အသက်ဝင်သွားပြီး ဓားက သူမကိုယ်ပေါ် ရောက်မလာဘဲ ပြိုင်ဘက်ရဲ့တိုက်ခိုက်မှုကို တားဆီးသွားတယ်။

"ဟမ်" သူမကို တိုက်ခိုက်သူက အံ့ဩတကြီး နောက်ဆုတ်သွားခဲ့တယ်။

ဟွေ့လင်လည်း နောက်‌ကိုဆုတ်ခဲ့တယ်။ အခု သူမကို တိုက်ခိုက်သူဟာ ပြိုင်ဘက်အဖွဲ့ရဲ့ သုံးယောက်ထဲက တစ်ယောက်ဆိုတာ သေချာပေါက်မြင်လိုက်ရပြီ။ သူ သူမနောက် ဘယ်ချိန်ရောက်လာလဲဆိုတာတောင် မသိလိုက်ဘူး။ အဲဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဟွေ့လင်ရဲ့ တိုက်ခိုက်မှု အတွေ့အကြုံမရှိတာက ပြသနေပြီ။ သူမက ပြိုင်ဘက်ရဲ့ သိုင်းကွက်ကြောင့် ဆိုးဆိုးဝါးဝါး ပျာယာခတ်သွားခဲ့တယ်။ အလိုလိုနေရင်း သူမက မီးတောက်နှိမ်နင်းယပ်တောင်ကို ဆုပ်ကိုင်ပြီး အနောက်ဘက်ကို လွှဲယမ်းလိုက်တယ်။ ချက်ချင်းပဲ သွေဖည်မီးလျှံက မီးတောက်တွေအဖြစ် ပေါက်ကွဲထွက်လာပြီး  စင်မြင့်ပေါ်က တစ်ခုတည်းသောဘေးကင်းတဲ့နေရာဆီ ဝါးမျိုသွားလေတယ်။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Donde viven las historias. Descúbrelo ahora