76
အခန်း ၇၆ ။ ယွီမိသားစု၏ ထွက်ပြေးသွားသော အစေခံများစစ်ယွီ တံခါးအပြင်ထွက်ပြီးတော့ တစ်နေ့ခင်းလုံး အပြင်မှာရောက်နေထဲ့တယ်။ ရှန်းရင် စိုးရိမ်လာပြီး မုန်လာဥနဲ့ ယွီဟုန်ကို လိုက်ရှာခိုင်းပေမဲ့ နေဝင်တာတောင် တစ်ယောက်မှ ပြန်မလာဘဲ ကူယွဲ့ပဲ ပြန်ရောက်လာတယ်။ တစ်ခုခုများ ဖြစ်နေသလား သူမ သိချင်သွားတယ်။
ရှန်းရင် စဉ်းစားကြည့်လေ ပိုပြီးမသက်မသာ ဖြစ်လာလေပဲ။ ကိုယ့်ကိုယ်ကိုယ် နာကျင်ရတာကြိုက်တဲ့ကောင်ကများ အငြင်းခံရပြီးတော့ ဒေါသထွက်ပြီး သူတို့ကို ပြန်ပေးဆွဲဖို့ ဆုံးဖြတ်လိုက်တာများလား။
"ဒီနေ့ ယင်းမိသားစုက သခင်လေးနဲ့ ပတ်သက်တဲ့ တစ်ခုခုဖြစ်လားဆိုတာ သွားစုံစမ်းကြည့်"
ကူယွဲ့ မိန်းကလေးတွေထဲကတစ်ယောက်ကို ညွှန်ကြားလိုက်တယ်။ သူလည်း တစ်ခုခုတော့ လွဲနေတယ်လို့ ခံစားနေရပြီ။
ငါးမိနစ်အတွင်း တပည့်က တံခါးကနေ ပြေးလွှားဖြတ်သန်းကာ ပြန်ရောက်လာတယ်။
"ဂိုဏ်းချုပ်၊ ယင်းမိသားစုသခင်လေးက ဒီနေ့လယ်မှာ လူတစ်ယောက်ယောက်နဲ့ လုံးထွေးသတ်ပုတ်ခဲ့တယ်တဲ့၊ ကြားတာတော့ ဝိညာဉ်ဖမ်းမျှော်စင်က လူတွေလို့ကြားတယ်"
"ဝိညာဉ်ဖမ်းမျှော်စင်" ကူယွဲ့ အာမေဋိတ်သံပြုပြီး ချက်ချင်း ထရပ်လိုက်မိတယ်။
"သူတို့ကဘယ်သူတွေလဲ" ယိချင်းက မေးလာတယ်။
"သူတို့က ကောင်းတာလည်းမဟုတ် ဆိုးယုတ်တာလည်းမဟုတ်တဲ့ အဖွဲ့အစည်းပဲ"
ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။
"အဲအဖွဲ့အစည်းထဲကလူတွေက လျှို့ဝှက်ခြေသိုင်းမှာ ကျွမ်းကျင်ကြတယ်၊ အဆင့်မြင့် ကျင့်ကြံသူတွေတောင် သူတို့ကို လွယ်လွယ်နဲ့ အာရုံမခံနိုင်လူး၊ သူတို့ရဲ့ သတင်းအချက်အလက်ကွန်ယက်က ထျန်းလန်လောကသုံးခွင်အနှံ့ ကျယ်ပြန့်ပြီး ဂိုဏ်းအသီးသီးရဲ့ လျှို့ဝှက်ချက်တွေကို ရောင်းချတဲ့နေရာမှာ ကျင်လည်ကြတာလို့ ကြားဖူးတယ်၊ ပိုက်ဆံတတ်နိုင်ရင် လိုချင်တဲ့ အချက်အလက်မှန်သမျှ ဝယ်လို့ရတယ်တဲ့၊ သူတို့ရဲ့အဓိက အဆောက်အဦက မြို့အနောက်ဘက်အခြမ်းမှာလေ"
![](https://img.wattpad.com/cover/336036478-288-k909553.jpg)
YOU ARE READING
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)
Humorအကျဉ်းချုပ် တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆ...