105
အခန်း ၁၀၅ ။ မသေမျိုးတက်လှမ်းမှုရဲ့ မိုးကြိုးဝဋ်ကြွေးကို ရင်ဆိုင်ခြင်း"မိုးကြိုး၀ဋ်ကြွေးချေခြင်းလား" ကြောင်သွားပြီး ရှန်းရင်အဆာသွတ်မုန့် လက်ထဲက ပြုတ်ကျလုနီးပါးတောင်ဖြစ်သွားတယ်။
"တကယ်ပြောနေတာလား"
"မင်း ငါ့ကို မယုံဘူးလား" ကူယွဲ့ နှုတ်ခမ်းတွေ တွန့်သွားတယ်။
"ဘာကြောင့် ငါ မတက်လှမ်းနိုင်ရမှာလဲ၊ လွန်ခဲ့တဲ့၂ရက်တုန်းက ထိုးဖောက်ကျော်လွှားနိုင်ထားတယ် — ငါက အခု နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်ကို လွန်ပြီး ကျင့်ကြံမှုပြည့်စုံသွားပြီ၊ မသေမျိုးတက်လှမ်းမှုဆိုတာ သေချာပေါက်ဓမ္မတာပဲပေါ့"
တကယ်တော့ အဲလောက်မြန်မယ်လို့ သူမတွေးထားခဲ့ဘူး။ သူ့ဉာဏ်အလင်းပွင့်ပြီးတည်းက သူ့ကျင့်ကြံဆင့်က ဖြည်းဖြည်းချင်း မြင့်တက်နေတာ သိလိုက်ရတယ်။ သူ ပိုင်ဇယ့်ရဲ့ မဟူရာဝိညာဉ်ပွင့်ကို ခဏကိုင်ထားခဲ့ပြီး အဲရဲ့ထူးခြားတဲ့အငွေ့အသက်က သူ့ကျင့်ကြံမှုအတွက် အထောက်အကူ ပြုခဲ့ပုံပဲ။ နောက်ဆုံးတော့ ပြီးပြည့်စုံတဲ့အဆင့်ရောက်အောင် လုပ်နိုင်ခဲ့ပြီ။
ရှန်းရင် နှုတ်ခမ်းဆူလိုက်တယ်။
"ဆိုလိုတာက နင့်မသေမျိုးတက်လှမ်းမှုပြီးရင် ဆင်းလာလို့ မရတော့ဘူးပေါ့"
"ကနဦးအဆင့်မှာတော့ ဟုတ်တယ်" သူ ခေါင်းညိတ်ပြလိုက်တယ်။
"ငါမသေမျိုးအဖြစ် တက်လှမ်းပြီဆိုတာနဲ့ အလိုလို အမတဘုံထဲ ရောက်သွားမှာ၊ သုံးလောကကြားမှာက ဘောင်တွေရှိတယ်၊ စိတ်တိုင်းကျ ဘုံတွေကြား ကူးပြောင်းလို့မရဘူး၊ ပိုင်ဇယ့်လိုပဲပေါ့၊ သူ အောက်ဘက်ဘုံမှာ နှစ်သောင်းချီရှိနေခဲ့တာ၊ တကယ်လို့ မဟူရာဝိညာဉ်ပွင့်မရှိရင် မင်းတောင် ဘုံတံခါးကို ဖွင့်နိုင်မှာမဟုတ်ဘူး"
"အော်..." မျက်မှောင်ကြုတ်ပြီး ရှန်းရင် မေးလိုက်တယ်။
"နင်တကယ် သွားတော့မှာလား"
"ဒါက ကောင်းကင်နဲ့ ကမ္ဘာမြေကြီးစည်းမျဉ်းပဲ၊ တကယ်လို့ ဝဋ်ကြွေးချေတာကို အောင်မြင်သွားပြီဆိုရင် ငါ သေချာပေါက် အောက်ဘုံမှာ နေတော့မှာ မဟုတ်ဘူးပေါ့"
ŞİMDİ OKUDUĞUN
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)
Mizahအကျဉ်းချုပ် တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆ...