အခန်း ၇၄ ။ မသမာတဲ့ ကုန်‌သည်ဟောင်းမြို့ကြီးသား

1.3K 184 11
                                    

74
အခန်း ၇၄ ။ မသမာတဲ့ ကုန်‌သည်ဟောင်းမြို့ကြီးသား

အထက်ထျန်းလန်လောကမှာ အချမ်းသာဆုံးဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ ယင်းမိသားစုက ဂုဏ်ပြုထမင်းစားပွဲကို ယင်းကောင်းကင်ယံမြို့ရဲ့ အကြီးဆုံးစားသောက်ဆိုင်ဖြစ်တဲ့ ကျန့်ဖုန်စားသောက်ဆိုင်မှာ ကျင်းပဖို့ စီစဉ်လေတယ်။ ပြီးတော့ မှောင်စပြုတဲ့အချိန်မှာတင် စားသောက်ဆိုင်ထဲက ဖောက်သည်အားလုံးကို ရှင်းထုတ်ပြီး  ဧည့်သည်တွေဆီ ကိုယ်တိုင်ကိုယ်ကျ ဖိတ်ခေါ်ဖို့ သူတို့တပည့်တွေကို လွှတ်လိုက်သေးတယ်။

ရှန်းရင်ရောက်လာချိန် ရွှမ်းယွမ်ယွီနဲ့ ယင်းမိသားစုရဲ့ မျိုးနွယ်အကြီးအကဲ ယင်းဖုန်းက အပေါက်ဝမှာစောင့်နေပြီ။ နှစ်ဖက်စလုံးက နေ့ဘက်တုန်းကတော့ ဗိုလ်လုပွဲမှာ အချင်းချင်း တွေ့ခဲ့ကြပေမဲ့ အထိအတွေ့မရှိခဲ့ကြဘူး။ တခြားဆွေကြီးမျိုးကြီးမိသားစုသုံးစုရဲ့ မျိုးနွယ်စုခေါင်းဆောင်တွေနဲ့မတူ ယင်းဖုန်းကတော့ အတော်လေး... ဖော်ရွေတဲ့ပုံပေါ်တယ်။ သူ့အပြုံးကနေ မျက်နှာကနေ တစ်ခါမှ ခွာမသွားဘူး။

ရှန်းရင်တို့ အုပ်စုရောက်လာတာမြင်တော့ နှစ်ယောက်လုံး သူတို့ကို အမြန်လာနှုတ်ဆက်ကြတယ်။ အရှေ့တက်လာပြီး ရွှမ်းယွမ်ယွီက ရှန်းရင်ကို အရင်ဂါရ၀ပြုလေတယ်။

"ကြီးမြတ်တဲ့ နတ်ဒေဝါ" ဒီနောက် မိတ်ဆက်မှုတွေလုပ်ဖို့ လှည့်ကြည့်လိုက်တယ်။

"ဒါယင်းဖုန်းပါ၊ ယင်းမိသားစုရဲ့ မျိုးနွယ်စုခေါင်းဆောင်"

"ဂုဏ်သရေရှိဧည့်သည်တို့အားလုံး ခရီးကြောင့် ပင်ပန်းနေကြရောပေါ့" ယင်းဖုန်းက ပြောရင်း မျက်နှာပေါ်က အပြုံးက ပိုနက်ရှိုင်းလာတယ်။

"ကောင်းသောညနေခင်းပါ" ရှန်းရင်က စားသောက်ဆိုင်ကိုတစ်ချက်ကြည့်ပြီး ပျော်ရွှင်စွာ လက်ယမ်းပြလိုက်တယ်။

"ကောင်းသောညနေခင်းပါ တာအိုရောင်းရင်းတို့"

ယင်းဖုန်းက သူမနောက်ကလူတွေကို လှမ်းကြည့်ပြီး စကားဆက်လိုက်တယ်။

"နေ့လယ်ခင်းတုန်းက အလုပ်များနေတော့ ရွှေအမြုတေအပိုင်းမှာ အနိုင်ရတဲ့အသင့်တပည့်တွေကို ဂုဏ်ပြုဖို့ အခွင့်အရေးမရလိုက်ဘူး၊ တကယ်ပဲ ဆရာကောင်းဆီကနေ အရည်အချင်းရှိတဲ့ တပည့်တွေ ထွက်လာနိုင်တာပဲ"

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Hikayelerin yaşadığı yer. Şimdi keşfedin