အခန်း ၁၀၄ ။ သန်မာသော သံရုပ်အဖွဲ့

1.3K 160 4
                                    

104

အခန်း ၁၀၄ ။ သန်မာသော သံရုပ်အဖွဲ့

"သူနဲ့ဘာဆိုင်လဲ" ကူယွဲ့က ငိုင်တိုင်တိုင်။

"သူက အဓိကဇာတ်ဆောင်မဟုတ်ဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် မင်းသိတဲ့အတိုင်း အဲဝတ္ထုထဲက ဇာတ်ကောင်တွေက ကပ်ဘေးခန္ဓာကိုယ်မျိုး - ကိုနန်ပုံစံမျိုး ဉာဏ်ကြီးရှင်တွေ - ပိုင်ဆိုင်ထားကြတာလေ၊ သူတို့နဲ့ အဆက်အဆံရှိလို့ ဘာကောင်းတာမှထွက်မလာဘူး၊ အထူးသဖြင့် ဝတ္ထုရဲ့.. အာ ရှင်းပြဖို့ခက်တယ်၊ အဲဒါကြောင့် ပိုင်ဇယ်ကို ငါသဘောမကျတာ၊ အဓိကဇာတ်ဆောင်က သူ့ကြောင့် ဒုက္ခတော်တော် ကြုံလိုက်ရတာ၊ မိန်းကလေးဇာတ်ဆောင်လည်း-"

"အော်" ဘာမှမဟုတ်တာ တော်သေးတာပေါ့။ ရှန်းရင် ဝတ္ထုမှာ စိတ်မဝင်စားတော့ဘဲ မီးဖိုချောင်ဘက်လှည့်လိုက်တယ်။

"စားဖိုမှူး၊ စားစရာ အဆင်သင့်ဖြစ်ပြီလား"

"ဟုတ်ကဲ့ဆရာ၊ ခဏနေ ထွက်လာမှာပါ" ယိချင်းက ပင်လယ်စာနှစ်ပန်းကန်ယူပြီး မီးဖိုချောင်ထဲကနေ ထွက်လာခဲ့တယ်။

ရှန်းရင်က တူကိုချက်ချင်း ကောက်ယူပြီး နှိုက်စားဖို့ ပြင်လိုက်တယ်။

"‌ဟေး... ငါအပြီးထိ ပြောဦးမယ်" ကူယွဲ့ နှုတ်ခမ်းဆူသွားတယ်။ သူ ဘာလို့အမြဲ တစ်ဝက်တစ်ပြက်ပဲ နားထောင်ရတာလဲ။

"နင်ပဲ စပြောတာမဟုတ်ဘူးလား"

"အနံ့မွှေးလိုက်တာ..." ရှန်းရင် ယိချင်းကို လက်မထောင်ပြလိုက်တယ်။ အရင်လတွေတုန်းက ပျောက်ဆုံးနေခဲ့တဲ့ စားသောက်ချင်စိတ်က အခုတော့ သွားရည်ယိုနေပြီ။ အမဲသားထမင်း၊ အမဲသားထမင်း၊ အမဲသားထမင်း

"ဖေဖေနျို၊ စားကြရအောင်"

"ငါ့ခြေထောက်ကိုစား" ဒါ မင်း စကားဝိုင်းထိန်းတဲ့ နည်းလား။ သူ စကားမဆုံးသေးတာကို ဘယ်သူကစားချင်...။

ဟေး၊ ကြည့်ရတာ တကယ်အရသာရှိတဲ့ပုံပဲ။

စားကြည့်...။

သူ တူကို မတော့မဲ့ဆဲဆဲ ရှန်းရင်က လက်လှမ်းပြီး အသားတုံးကြီးတစ်ခုကို ဆွဲယူတော့တယ်။ ကျန်ခဲ့တာက ဟင်းအနှစ်။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now